25 C
Yangon

ရမ်းဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၇၅ နှစ်အရွယ် ပြည်သူ ၁ ဦး သေဆုံး

Must read

ရမ်းဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၇၅ နှစ်အရွယ် ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ကြည်း ၊ ရေ၊ လေ ပူးပေါင်းပြီး ဗုံးကျဲပစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၇၅ နှစ်အရွယ် ဒေသနေပြည်သူအမျိုးသားတစ်ဦး ထပ်မံ သေဆုံးခဲ့ ကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက် နေ့က နံနက် ၈ နာရီဝန်းကျင်ခန့်မှစတင်ပြီး ရမ်းဗြဲမြို့၊ သိမ်တောင် ကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်က ရမ်းဗြဲမြို့ ပတ်ဝန်း ကျင်ကို လက်နက်ကြီး ဖြင့် ၁၅ ကြိမ်၊ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်ကစတင်ပြီး အကြမ်းဖက်စစ်ကောင် စီရေတပ်က လက်နက် ကြီးဖြင့် ၆ ကြိမ် ဆက်တိုက်ခိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၈ နာရီ ၂၃ မိနစ်အချိန်ကစ၍ ဂျက်ဖိုက်တာဖြင့် ၁၀ ကြိမ်၊ Y -12 ထောက်ပို့လေယာဉ် ဖြင့် ၇၁ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်အချိန်မှ စ၍ ညနေ ၃ နာရီ ၅၆ မိနစ်အထိ ရဟတ်ယာဉ်ဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လှည့်ပတ်ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့ တောင်ဥက္ကလာရပ်ကွက်၊ ကိုယ်ရံတောင်၊ တောင်ကျောင်း၊ ကင်းတဲရပ်ကွက်၊ ကြက်သရေ ရွာတို့ အတွင်း ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ကြက်သရေရွာနေ အသက် ၇၅ နှစ် အရွယ် ဦးမောင်လွမ်းသာ အား ထိမှန်ကာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၂ နာရီ ၅၅ မိနစ်အချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ Mi – 17 စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ရမ်းဗြဲမြို့နှင့် ကြက်သရေရွာ အနီးတဝိုက်ကို လှည့်ပတ်ပြီး ဗုံးသီး အလုံး ၂၀ ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တက္ကသိုလ်ကျောင်းသာ မောင်ဖြိုးစံအောင် ထိမှန်သေဆုံးခဲ့ကာ ရွာသား ၂ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့တွင် ပြည်သူ့နေအိမ်များ မီးလောင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article