35 C
Yangon

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သား ၁၆ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် ယမန်နေ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သား ၁၆ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PNLA က တရားဝင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ ၄၀ အထိ ဟိုပုံးမြို့နယ်၊ အရှေ့ဘက်ခြမ်းတစ်နေရာတွင် လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှု ဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) စစ် ကြောင်းနှင့် စစ်ကောင်စီတပ်များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ကြောင်းက ရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၆ လောင်းကျန်ရှိခဲ့ပြီး စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့်ရှိသူ၂ ဦး နှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးပါ တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့၏ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့တွင် စစ်ကောင်စီက ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးတပ်စွဲကာ မဲနယ်တောင်ဒေသ နှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် တနေကုန်နီးပါးဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ အလားတူ ယမန်နေ့တွင်ပင် ဆီဆိုင်မြို့တွင်းကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article