31 C
Yangon

ဖားကန့်မြို့နယ်၊ တာမခန်ရှိ ခမရ ၁၉၉ စခန်းကုန်းနှင့် ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များ တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ

Must read

ဖားကန့်မြို့နယ်၊ တာမခန်ရှိ ခမရ ၁၉၉ စခန်းကုန်းနှင့် ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များ တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ရွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းကို KIA နှင့် PDF အပါအဝင် တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေကြောင်း ဒေသ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်‌ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က စတင်ကာ တာမခန်ရွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်းသိရသည်။

“တာမခန်ဘက်မှတော့ တိုက်ပွဲဖြစ်နေပြီ ၄ နာရီ ခွဲလောက်ကနေ စပြီးချနေတာ တာမခန် စစ်တပ်ကုန်းရယ် ရဲစခန်းရယ် ၂ နေရာကို တိုက်နေတာ။ ညနေ ၅ နာရီလောက်မှာ တိုက်လေယာဉ်နဲ့ ၂ ကြိမ်ရှိပြီး ဗုံးကျဲတာ။ အခု ဖားကန့် စစ်ခွေး ဗျူဟာ ကုန်းကလည်း လက်နက်ကြီး လှမ်းထုတာ ၅ ကြိမ်လောက်ရှိပြီ” ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိ တာမခန်ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း သတင်းများရရှိထားသော်လည်း KIA ဘက်က တရားဝင် အတည်ပြုခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article