25 C
Yangon

တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို ဝင်ရောက် ဖျက်ဆီးနေသော စစ်ကောင်စီတပ်သားများက အနီးအနားရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို ဝင်ရောက် ဖျက်ဆီးနေသော စစ်ကောင်စီတပ်သားများက အနီးအနားရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို ဝင်ရောက် ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့က စတင်ကာ ကံထူးမရွာကို ဝင်ရောက် ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခနောရွာသစ်ကို ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး လက်ဆည်၊ အင်တောရိုး၊ သပြေရင်း၊ ရွှေကြာတန်း၊ ကုန်းရိုး စသည့် ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် Jammer များ အသုံးပြု၍ ဖုန်းလိုင်းများပါ ဖြတ်တောက်ထားကြောင်း၊ လက်ရှိချိန်တွင် တန့်ဆည်အနောက်ခြမ်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ စစ်ရှောင် ပြည်သူ ၂၀၀၀၀ ကျော်လည်း အရေးပေါ် ထွက်ပြေးတိမ်း‌ရှောင်နေရကြောင်း သိရှိရသည်။

“ဘီလူးစစ်ကြောင်းနဲ့ ဝါသဝရဲ့ ပျူ စစ်ကြောင်းပေါင်းပြီး ကံထူးမရွာ အပါအဝင် ကံထူးမရွာ အရှေ့ဘက်မှာရှိတဲ့ ရွာတွေကို တပ်ဖြန့်ပြီး စီးနင်းနေတာ Jammer တွေကို သုံးပြီး ဖုန်းလိုင်းတွေပါ ဖြတ်ထားတော့ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက် အကူညီတောင်းမရအောင် အထိ ရွာတွေစီးနင်း အကြမ်းဖက်နေတာ ကံထူးမရွာကနေ တပ်ဖြန့်ထွက်လာပြီး မနေ့ကစလို့ ရွာတွေကို ဝင်စီးနေတာ ခနောရွာသစ်က ပြည်သူဖမ်းဆီးခံရမှုက ဘယ်လောက်ရှိတယ်ဆိုတာ ဖုန်းလိုင်းတွေပြတ်နေတာကြောင့် အတည်မပြုနိုင်သေးဘူး ဖမ်းဆီးခံရတဲ့ ပြည်သူများတယ်လို့တော့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကံထူးမရွာ အနီးအနားရှိ ကျေးရွာများကို တပ်ဖြန့်ကာ ဝင်ရောက်စီးနင်းနေပြီး ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှု အခြေအနေလည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ ဖျက်ဆီးနေသော ကံထူးမရွာကို တွေ့ရစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article