25 C
Yangon

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်၊ တိုင်းလွှတ်တော်ကိုယ် စားလှယ် ကိုဇော်ထက်၏ နေအိမ်၊ စစ်ကောင်စီ လက်အောက်ရှိ သစ်တော ဝန် ထမ်း အိမ်ရာနှင့်သစ်စက်ကို စစ်တပ် က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရှိ တိုင်းလွှတ်တော်ကိုယ်စား လှယ်လည်းဖြစ်၊ ပုလဲ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သူ ကိုဇော်ထက်၏ နေအိမ်၊ စစ်ကောင်စီ၏ သစ်တောဝန်ထမ်း အိမ်ရာ နှင့် သစ် စက်ကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ပုလဲမြို့နယ်ပြည်သူ့ အုပ် ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြား သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ပုလဲမြို့နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကြောင်းသည် အိုင်းမကျေးရွာ၊ ငှက်ပျောတောကျေးရွာဘက်မှ မင်းတိုင်ပင်ကျေးရွာသို့ဝင်ရောက် ပြီး ညအိပ်တပ်စွဲခဲ့ကြောင်း၊ ထို့ နောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မြေနီကုန်း၊ ထန်းတောတိုက် နှင့် သရက်ကျေး ရွာတို့ဘက်သို့ ပြန်လည် ထွက်ခွာသွားကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူပြီး ဇီးဖြူ ကုန်းပျူစောထီး ကျေးရွာသို့ နွားလှည်းများဖြင့် ခိုးယူ သယ် ဆောင် သွားကာ အကြမ်းဖက်စစ်တပ် စစ် ကြောင်းမှာ မင်းတိုင်ပင်ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မင်းတိုင်ပင်ကျေးရွာအတွင်း ပြန်လည်ဝင်ရာက်ပြီးအကြမ်းဖက် စစ် ကြောင်းသည် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆာင် ဦးဇော်ထက်နေအိမ်အတွင်း‌ နေရာအနှံ့အပြားမီးရှို့သွားခဲ့သည့် အပြင် ပြည်သူပိုင်နေအိမ် တစ်လုံး၊ နိုင်ငံဝောာ်ပိုင် သစ်စက်အဆောက်အဦများ၊ သစ်စက်ဝန်ထမ်း အိမ် ရာများအားလုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ကန်ဒေါင့်ရဲ့မြောက်ဘက်က အောင်ချမ်းသာရွာမှာရောက် နေတာ၊ ညနေပိုင်း အထိတော့ အဲဒီမှာပဲ၊ ညပိုင်းမှာ ကန်ဒေါင့်ရွာထဲ ကူးသွားလားတော့ မပြောတတ်ဘူး၊ အိမ်မကြီး နောက်ဘက်က ထန်းလက်တဲခေါ်တာပေါ့၊ မိုးထားတဲ့ အိပ်ဆောင်တစ်လုံးကျွမ်းသွားတယ်၊ နောက် ပြီး တော့မီးဖိုဆောင်လည်း အကုန်လုံးပျက်စီးသွားတယ်၊ အရင်တုန်းက ကျနော်တို့က ဆိုင်ကယ်ပစ္စည်း တို့၊ စက်ပစ္စည်းတို့၊ ကွန်ကျူးပိုက်တို့ရောင်းတာဆိုတော့ အဲဒီကွန်ကျူးပိုက်ပုံကိုတော့ ဓာတ်ဆီတွေ၊ ဒီဇယ်တွေဖျန်းပြီးတော့ မီးရှို့သွားတာတယ်၊ အိမ်မကြီးထဲကတော့ ပစ္စည်းတွေ၊ ပစ္စည်းတင်တဲ့ စင်တွေရော အကုန်လုံးကို စုပြုံပြီး ဒီဇယ်တို့ ဓာတ်ဆီတို့နဲ့လောင်းပြီး အကုန် မီးရှို့သွားတယ်၊မြေ တိုက်အောက်ခန်းထဲမှာရှိတဲ့ ဆိုင်ကယ်ကာဗာခြမ်းတွေရောအဲလိုဟာတွေမီးရှို့သွားတာပေါ့၊ အိမ်မ ကြီး ကတော့ ရိုးရိုးတိုက်မဟုတ်ဘဲနဲ့ RC ပုံစံမျိုးနဲ့ဆောက်ထားတာဆိုတော့ အကုန်လုံးတော့ လောင် မသွားဘူး၊ အတွင်းထဲက ပစ္စည်းတွေ အကုန်လုံးမီးရှို့တာပေါ့၊ အတွင်းထဲက ပစ္စည်းတွေ မီးရှို့တဲ့အ တွက် ထွက်တဲ့မီးခိုးတွေကြောင့် အိမ်ကြီးတစ်ခုလုံးကတော့ မဲတူးသွားတာပေါ့၊” ဟု ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

အကြမ်းဖက်စစ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဝန်ထမ်းအိမ်ရာများကို မှီခိုနေထိုင်နေကြသော မိသားစု ၅ စုမှာ ခိုးကိုးရာမဲ့‌ ၊ နေထိုင်ရာမဲ့ ဘဝများသို့ ရောက်ရှိသွားပြီး အခက်အခဲကြုံတွေ့နေရ သော မိသားစု ၅ စုကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်၊ လူသားစာနာတာဝန် ခံ နှင့် ပုလဲမြို့နယ် ပလဖတို့က အရေးပေါ် ဆန်တစ်အိတ်၊ ဆီတစ်ပုံး ထောက်ပံ့ကူညီ‌ပေးခဲ့ကြောင်း သိရသည်။

“သစ်တောဝန်ထမ်းအိမ်ယာဆိုရင်လည်း ကျနော်တို့အိမ်နဲ့တော်တော်တော့ ဝေးတယ်ဗျ၊ လမ်းလျှောက်ရင် တောင် ၁၅ မိနစ်လောက်လျှောက်ရမှာ၊ အဲဒါကို ဘာလို့ရှို့လို့ ရှို့မှန်းမသိဘူး၊ အဲဒီမှာက အိမ်ထောင်စု ၅ စုရှိတာပေါ့၊ ဟိုးယခင်ကတည်းက ဝန်ထမ်းဟောင်းတွေပေါ့၊ ဝန်ထမ်းအိမ်ယာမှာနေကြတဲ့မိသားစု တွေ၊ အဲဒီအိမ်တွေလည်း အကုန်လုံးမီးရှို့သွားတာ၊ နောက်ပြီးတော့ သစ်တော သစ်ပေါ့၊ သစ်စက်ပါ မီးရှို့သွားတာ၊ သူတို့လည်း မီးရှို့ခံလိုက်ရတာဆိုတော့ နေစရာကမရှိတော့ဘူးလေ၊မင်းတိုင်ပင်မှာက အဆောက်အဦအလွတ်တွေရှိတာကိုး၊ အဲဒီနေရာတွေမှာနေထိုင်ဖို့ ကျနော်တို့က ပြောထားပေးရတာ ပေါ့၊ လောလောဆယ်တော့ စားဖို့သောက်ဖို့ ကျနော်တို့ထောက်ပံ့ထားရတာပေါ့၊ သူတို့လည်း အားရှိ အောင်ပြောရတာပေါ့၊ ကျနော့်အိမ်ကိုယ်၌က မီးရှို့ခံရတယ်အတူတူပဲလို့၊ ဘာမှ အားမငယ်ကြနဲ့လို့ ဒီလိုပဲ ရုန်းကြရတာပေါ့လို့ ပြောခဲ့ရတာပေါ့၊ ပြည်သူတွေဖမ်းဆီးခံရတာမျိုးတော့ မရှိပါဘူး၊ ရှောင် တော့ရှောင်နေကြရတာပေါ့” ဟု ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက် က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဝါးကြီးတောကျေးရွာသို့ ရောက်ရှိသွားပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသယ်ဆောင်ကာ ကန့်ဒေါင့်အတွင်းရှိ အကြမ်းဖက် စစ် သားများထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ်ကြောင်းမှာ နှစ်ဖွဲ့ခွဲပြီး အောင် ချမ်းသာကျေးရွာနှင့် ကြောင်ဝင်းဒူးကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ညအိပ်တပ်စွဲထားနေကြောင်း သိရသည်။

ပုလဲမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ကျေးရွာအတွင်း ဝင်ရောက်မီးရှို့၊ ပြည်သူ ပိုင် ပစ္စည်းဥစ္စာများကို ခိုးယူသယ်‌ဆောင်နေသဖြင့် စစ် ကြောင်းသတင်းများကို နားစွင့်ပြီး မိမိပိုင် ပစ္စည်း ဥစ္စာများကို သယ်ဆောင်ကာ စစ်ကြောင်းနှင့်ဝေးရာသို့ ကြိုတင်သတိထား‌ရှောင်ကျဉ်နေထိုင် ကြရန် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးတိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article