25 C
Yangon

ဖားကန့်မြိုနယ်၊ ဆိုင်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲများ တိုက်ခိုက်နေ၊ တာမခံရဲစခန်းသိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲဝင် ၁၇ ဦးဖမ်းဆီးရရှိပြီး လက်နက်များသိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ ဆိုင်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲများက ယမန်နေ့ညပိုင်းမှ စတင်တိုက်ခိုက်နေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန် ဖားကန့်မြိုနယ်၊ ဆိုင်းတောင် ရဲစခန်းကို တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၊ အပြန်အလှန်ပစ်ခတ်သံများဖြင့် လက်နက်သံများ ဆူညံနေခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

“ဆိုင်းတောင်ရဲစခန်းကို ဝင်တိုက်တာလိုသိရတယ်။ မနေ့ည ၁၀ နာရီ ၁၅ မိနစ်မှာ ပစ်ခတ်သံတွေကြားရတာ။ အနီးအနားက ပြည်သူတွေကတော့ လတ်တလော တိမ်းရှောင်တာမရှိသေးဘူး။ လေယာဉ်တွေ ဗုံးကျဲလာရင်တော့ ပြေးရမယ်ထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ တာမခန် ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရဲစခန်းကို မီးရှိ ရှင်းလင်းခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲဝင် ၁၇ ဦး စစ်သုံပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက် ၁၆ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

” ရဲစခန်းသိမ်းပိုက်မှုမှာ စစ်သုံပန်း ၁၇ ဦးဖမ်းမိတယ်။ ရဲစခန်းထဲက လက်နက် ၁၆ လက်ရတယ်။ ရဲစခန်းကတော့ မီးရှိလိုက်ပြီ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းပြသည်။

ကချင်ပြည်၊ ဖားကန့်မြိုနယ်၊ တာမခံကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းတိုကို KIA ၊ PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ကလည်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – KIA နှင့် PDF တပ်ဖွဲဝင်တချို။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

KIA နှင့် PDF တပ်ဖွဲဝင်တချို။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article