25 C
Yangon

ရေတာရှည်၊ သကြားစက်အနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး ၊ မိုးကောင်း၊ တောင်နီရွာ ပြည်သူ့ စစ်စခန်းကို တိုက် ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်း၊ ရေတာရှည်မြိုနယ်၊ သကြားစက်အနီး ကင်းပုန်းဝပ်ရန် ပြင်ဆင်နေသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Daung Minn Thar – Yedashe PDF တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၉ နာရီခန့်အချိန် ပြည်သူများ ကလေးသူငယ်များကို ထိခိုက်သေ ဆုံးစေခဲ့သော ကျေးရွာများကို တိုက်လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခဲ့မှုကို လက်တုံပြန် စစ်ဆင်ရေး အနေဖြင့် ရေတာရှည်မြိုနှင့် ၃ မိုင်ခန့်အကွာ အမှတ် ၆ သကြားစက် ဧည့်ရိပ်သာအနီး ကင်းပုန်း ဝပ်ရန် စုဝေး တာဝန်ခွဲနေစဉ် ရှေ့ထွက်မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး၊ ရဲ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုတွင်း UG လူငယ်များနှင့် ဒေါင်းမင်းသားညီနောင်စစ်ကြောင်းမှ တပ်ဖွဲဝင် များပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း တပ်ဖွဲဝင်များမှ အထိခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြိုတွင်း၊ ကျေးရွာနေ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် များနှင့်ဆက်စပ် သော နေရာများအား တက်နိုင်သမျှ ရှောင်ရှားသွားလာကြပါရန် Daung Minn Thar – Yedashe PDF တပ်ဖွကေ သတိပေး တိုက်တွန်းထားသည်။

ထိုပြင် ကချင်ပြည်နယ်၊ မိုးကောင်းမြိုနယ်၊ တောင်နီကျေးရွာရှိ အကြမ်းဖက်စစ်တပ်လက်အောက် ခံ ပြည်သူ့ စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မိုးကောင်းမြိုနယ် ပြည်သူ့ကာကွယ်ရေး တပ် ဖွဲထံမှ သိရ သည်။

ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၆ နာရီခန့်က မိုးကောင်းမြိုနယ် တောင်နီရွာပြည်သူ့စစ်စခန်းကို မိုး ကောင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်မှ သွား ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို ပစ်ခတ်မှုအပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အရှေ့တောင် အနောက်တောင် ဘက်များသို စစ်ကြောင်းထိုးကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article