25 C
Yangon

ပေါက်ခေါင်းတွင် လှည်းကူးရွာအနီး တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြိုနယ်တွင် လှည်းကူးရွာအနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံ က ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ချိန်ခန့်အချိန် လှည်းကူးရွာအနီးတွင် အထိနာပြီး စခန်းချ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲဝင်များကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၂ ဧရာညီနောင် စစ်ကြောင်းမှ အလစ်အငိုက် ဝင်ရောက် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေပြီး ၂ ဦး ထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင် ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော် ၁ ဦးလက်နက်ကြီး ကျည်စထိမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲဝင်များသည် ဖလန်ပင်တဲတိုက်ရှိ နေအိမ်များကိုလည်း မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲဝင်များဘက်မှ သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများကို လှည်းကူးစာသင်ကျောင်းထဲကို သယ်ဆောင်သွားကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article