37 C
Yangon

ဆီဆိုင်မြိုနှင့် ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ နေအိမ် ပြန် ပစ္စည်း ယူဆောင်ခြင်း မပြု လုပ်ရန်၊ တား မြစ် ပိတ်ပင်ထားသော လမ်းပိုင်းများတွင် သွားလာခြင်းမပြုရန် PNLA က ထပ်မံ သတိပေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြိုနှင့် အနီးတဝိုက်ရှိ ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ပြည်သူများ အနေဖြင့် နေအိမ်များကို ပြန်၍ ပစ္စည်းများ ယူဆောင်ခြင်း မပြုလုပ်ရန်နှင့် တားမြစ်ပိတ်ပင်ထားသော လမ်းပိုင်းများတွင် သွားလာခြင်းမပြုရန် PNLA က သတိပေးချက်တစ်ရပ် ယနေ့ ထပ်မံ ထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှ ယနေ့ချိန်ထိ ဆီဆိုင်မြိုနှင့် အနီးတဝိုက်ရှိ ကျေးရွာ များတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီနှင့်အပေါင်းအပါများက လက်နက်ကြီးများ လေယာဉ်များဖြင့် ပအိုဝ်းဒေသကို နေ့စဉ် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဒေသနေ ပြည်သူများ ထိခိုက်သေဆုံးလျက်ရှိကြောင်း သိရသည်။

သိုသော် အချိုပြည်သူများသည် လိုင်းပေါ်မှ သတင်းအမှားများ လုပ်ကြံသတင်းများကို ယုံကြည်ပြီး ဆီဆိုင်မြိုအတွင်းသို ဝင်ရောက်ခြင်း ပစ္စည်းပြန်သယ်ခြင်းများ ပြုလုပ်ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီက လက် နက်ကြီးများ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ပြီး မလိုလားအပ်သည့် ထိခိုက်မှုများမဖြစ်စေရန် ပြည်သူများ အနေဖြင့် သတင်းတု သတင်းမှားများကို သတိပြုကြရန်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန် ကြေညာထားသည်များကို လိုက်နာပေးကြပါရန် အထူးမေတ္တာရပ်ခံထားသည်။

ထိုပြင် လက်ရှိအချိန်သည် စစ်ရေးအခြေအနေ အလွန်ရှုပ်ထွေးနေသည့် တိုက်ပွဲ ကာလဖြစ်သောကြောင့် ဆိုက်ခေါင် မှ ဆီဆိုင်မြိုသို ဆက်သွယ်သည့် ပြည်ထောင်စု ကားလမ်းမကြီး ၊ ဆိုက်ခေါင် အနီးတဝိုက်မှ ဆီဆိုင်မြို သို ပြည်ထောင်စုလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် ဆက်သွယ်ထားသည့် ကျေးရွာလမ်းငယ်များ ၊ နမ်းတဘက်ချောင်း အနောက်ဘက်ရှိ ကက္ကူမှ ဆီဆိုင်မြိုအနောက်ဘက်ရှိ နမ်းတဘက်ချောင်း အနောက်ဘက်ဒေသများကို ဆက်သွယ်ထားသော တောလမ်းများကို သွားလာခွင့် ယာယီပိတ်ထားမည် ဖြစ်သော ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ထိုကြောင့် အလွန်ရှုပ်ထွေးသော စစ်ရေးအခြေအနေအတွင်း မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်ပေါ်စေရေး ယင်းလမ်းကြောင်းများကို အသုံးပြုသွားလာခြင်း မပြုကြသေးရန် အထူးအသိပေးအပ်ကြောင်း၊ သွားလာ၍ သင့်သော်သော အခြေအနေသို ရောက်ရှိလာပါက ပြန်လည်ထုတ်ပြန် အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article