25 C
Yangon

Breaking News – စစ်တွေစျေးသို စစ်တပ်ကပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၇ ဦးထက်မနည်းသေဆုံး ၊သေဆုံးသူ အရေအတွက် တိုးလာနေပြီး ဒဏ်ရာရသူ အလွန်များပြား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ရခိုင်ပြည်နယ်၊ မြိုတော်ဖြစ်သော စစ်တွေမြို၊ ကိုရီးယားဆိပ်ကမ်းစျေး အတွင်းသို စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၇ ဦးထက်မနည်းသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် စစ်တွေမြို ကိုရီးယားဆိပ်ကမ်းစျေးအတွင်းသိုကျရောက်ပြီး လူ ၇ ဦးထက်မနည်းသေဆုံးပြီး လက်ရှိတွင် ဆေးရုံရောက်ရှိသေဆုံးသူများပါ ပေါင်းပါက သေဆုံးသူ ၁၀ ဦးထက်မနည်းရှိကြောင်း၊ ဒဏ်ရာရသူ အလွန်များပြားကြောင်း သိရှိရသည်။

“သေတာရော ဒဏ်ရာရသူများရော များမယ်။ အခု ၇ ဦးကတော့ ပွဲချင်းပြီးသေတယ်။ ဆေးရုံမှာလည်း သေတာနဲ့ဆိုရင် အခုသေတာ ၁၀ ဦးလောက်ရှိနေပြီ။ ဒဏ်ရာရတာတွေလည်းအရမ်းများတယ်။ ပစ်တာက စစ်တပ်က ပစ်လိုက်တာ” ဟု စစ်တွေမြိုမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ဒေသပြည်သူများ၏ ပြောဆိုချက်အရ ရခိုင်ပြည်နယ်၊ စစ်တွေမြိုမဈေးအတွင်းသို အကြမ်းဖက်စစ်ကောင်စီတပ်က လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၁၀ ဦးကျော်သေဆုံးပြီး ၃၀ နီးပါးဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော အချိန်သည် နံနက် ၈ နာရီအချိန် ဈေးလူစည်ကားနေချိန် အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဈေးရောင်း၊ ဈေးဝယ် ပြည်သူ ၁၀ ဦးကျော်သေဆုံးပြီး ၃၀ နီးပါးထိခိုက်ဒဏ်ရာရရှိကာ ဈေးဆိုင်ခန်းများ၊ လူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မနက်ကတော့ ၇ ယောက်သေတယ်ပြောတာ၊ အခုက ၁၀ ယောက်ကျော်သွားပြီ။ ထိခိုက်ဒဏ်ရာရတာကလည်း ၃၀ နီးပါးလောက်ဒဏ်ရာရတယ်၊ ဈေးထဲမှာဆိုတော့ လေ၊ ဒီအချိန်ဆိုတာက လူတအားစည်တဲ့အချိန်လေ၊ အိုးတန်း၊ ဆန်တန်း ဘက် ကနေ လက်နက်ကြီးကလာတာ၊ လက်နက်ကြီးအပေါ်ကနေဖြတ် သန်းသွားတဲ့ နေရာအောက် ကအိမ်တွေကတော့ မှန်တွေဘာတွေကွဲတာရှိတယ်၊ လက်နက်ကြီးဖြတ်သန်းမှုအရှိန် နဲ့ဆိုတော့၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေများလွန်းလို သေချာတောင်မကြည့်ရဲလို မကြည့်ခဲ့ရဘူး” ဟု စစ်တွေမြိုမှ မျက်မြင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ဓာတ်ပုံ – စစ်တွေမြိုမစျေး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တွေမြိုမစျေး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article