25 C
Yangon

မြောက်ဦးတွင် သတင်းသမား ကိုဖိုးသီဟ အပါအဝင် အပြစ်မဲ့ ပြည်သူ ၇ ဦးကို ဗိုလ်မှူးသန်းထိုက်စိုး အမိန့်၊ ဒုရဲမှူးကြီး ခင်မောင်စိုးတို့၏ခွင့်ပြုချက်ဖြင့် ဒုတပ်ကြပ် သန်းအောင်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဗိုလ်ကြီးအာကာမြင့် ဝန်ခံ ထွက်ဆို

Must read

ပြည်သူ ၇ ဦးကို ပစ်သတ်ချိန်တွင် မျက်လုံးကို ပုဝါဖြင့်စည်းပြီး လက်နောက်ပြန် လက်ထိပ်ခတ် ပစ်သတ်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဖမ်းဆီးချုပ်နှောင်ထားသော သတင်းသမား ကိုဖိုးသီဟ အပါအဝင် အပြစ်မဲ့ ပြည်သူ ၇ ဦးကို ဗိုလ်မှူးသန်းထိုက်စိုးအမိန့်၊ ဒုရဲမှူးကြီး ခင်မောင်စိုးတို့၏ခွင့်ပြုချက်ဖြင့် ဒုတပ်ကြပ်သန်းအောင်အဖွဲ့က က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဗိုလ်ကြီးအာကာမြင့် ဝန်ခံ ထွက်ဆိုသည်။

ဗိုလ်ကြီးအာကာမြင့်သည် AA ၏ ဖမ်းဆီးမှု ခံထားရပြီးနောက် ယခုကဲ့သို့သတင်းသမား ဖိုးသီဟ အပါအဝင် ပြည်သူ ၇ ဦးကို ဗိုလ်မှူး သန်းထိုက်စိုး အမိန့်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခြင်းဖြစ်သည်။

မြောက်ဦးမြိုနယ်မှ အရပ်သားပြည်သူများဖြစ်ကြသော ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်း တို့ ၇ဦးအား စစ်တပ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ကိုဖိုးလပြည့် နှင့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် မတရားစွပ်စွဲဖမ်းဆီးထားသော အပြစ်မဲ့ ရက္ခိုင်ပြည်သူ ၇ ဦးကို မြောက်ဦး၊ ခမရ (၃၇၈) ဗဟိုကင်းအချုပ်ခန်းထဲမှ ခေါ်ယူ၍ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ခမရ ၃၇၈ ဌာနချုပ်တပ်ခွဲမှူး တာဝန်ထမ်းဆောင်တဲ့ ဗိုလ်မှူးသိန်းထိုက်စိုးကဒဏ်ရာရရှိပြီးတော့ ခမရ ၃၇၇ ဆေးခန်းကုသမှု ခံယူနေတဲ့အချိန်မှာ ဒုတပ်ကြပ်သန်းအောင်နဲ့ မှီခိုသူ မောင်မောင်ဆီကနေ အမိန့်တစ်ခုရောက်ရှိလာပါတယ်။ အဲဒီအမိန့်ကတော့ ခရိုင်ရဲတပ်ဖွဲ့ရုံးကနေပြီးတော့ ခမရ ၃၇၈မှာ ပြောင်းရွှေ့ ချုပ်နှောင်ထားတဲ့ ဖိုးလပြည့်အပါအဝင် အချုပ်သား ၇ ဦးကို သတ်ပစ်လိုက်ပါဆိုတဲ့အမိန့်ပဲဖြစ်ပါတယ်။ အဲဒီအမိန့် ရရချင်းပဲ ခမရ ၃၇၈ မှာရှိနေတဲ့ ခရိုင်ရဲမှူးကြီး ခင်မောင်စိုးထံ ဆက်လက် တင်ပြခဲ့ပါတယ်။ ခရိုင်ရဲမှူးကြီးကတော့ ဆောင်ရွက်လိုက်ပါ။ ပြီးမှ ကြည့်ရှင်းပါမယ်ဆိုတဲ့ အဖြေရတာနဲ့ ကျနော်လည်းအဲဒါဆိုရင် ခရိုင်မှူးကြီးပဲ တပ်မမှူးဆီ ဆက်လက်သတင်းပို့တင်ပြ လိုက်ပါဆိုပြီးတော့ အချုပ်ခန်းသော့ကို ဒုတပ်ကြပ်သန်းအောင်ကို ပေးလိုက်ပါတယ်။ ပြီးတော့ ဒုတပ်ကြပ်သန်းအောင်ကို ဘယ်နေရာမှာ ဆောင်ရွက်မလဲဆိုတာ မေးလိုက်တော့ ဆေးခန်းအဝန်းအ၀ိုင်းအောက်မှာ မိသားစုတွေ တူးထားတဲ့ ဗုံးခိုကျင်းတွေ ရှိတယ်။ အဲဒီနေရာမှာပဲ ဆောင်ရွက်မယ်ဆိုပြီး အကြံပြုလို့ အဲဒီနေရာမှာပဲ ဆောင်ရွက်ဖို့ အကြံပြုလိုက်ပါတယ်။ ပြီးတာနဲ့ သေနတ်နဲ့ပဲဆောင်ရွက်ဖို့ ကောင်းကောင်းမွန်မွန်မြေမြုပ်သဂြိုလ်ဖို့ မှာလိုက်ပါတယ်။ ပြီးတာနဲ့ ဒုတပ်ကြပ်သန်းအောင်ဦးစီးတဲ့ အဖွဲ့က အချုပ်ခန်းထဲက အချုပ်သားဖိုးလပြည့် အပါအဝင် အချုပ်သားတွေကို ထုတ်ပြီး မျက်လုံးကို ပုဝါနဲ့စည်းပြီး လက်ကို လက်ထိပ်ခတ်ပြီးတော့ ဗဟိုကင်းနောက်ကျောလမ်းကနေ ဆေးခန်း ကုန်းအောက်ကို ခေါ်ဆောင်သွားပါတယ်။ ဒုတပ်ကြပ်သန်းအောင်ခေါ်ဆောင်သွားပြီး ၁၅ မိနစ်လောက်အကြာမှာတော့ သေနတ်သံ ၇ ချက် ၈ ချက် လောက်ကြားရပါတယ်။ သေနတ်သံကြားပြီးတော့ နောက်ထပ် ၁၅ မိနစ်လောက်မှာပဲ ဗဟိုကင်းကို ပြန်ရောက်လာပြီးတော့ ကျနော့်ဆီကို ဆောင်ရွက်ပြီးစီးတဲ့အကြောင်း သတင်းပို့ပါတယ်” ဟု ဗိုလ်ကြီးအာကာမြင့်က ဝန်ခံထွက်ဆိုသည်။

အဆိုပါ သတ်ဖြတ်မှုကို ၎င်းက သူ၏သဘောဆန္ဒအရ ဆောင်ရွက်ခြင်းမဟုတ်ဘဲ အထက်က အမိန့်ပေးချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်သူများနှင့် ကျန်ရစ်သူမိသားစုများကို အနူးအညွတ်တောင်းပန်ကြောင်း၊ ၎င်းတွင် အပြစ်ရှိကြောင်း၊ ပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်း ဗိုလ်ကြီးအာကာမြင့်က ထွက်ဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article