24.9 C
Yangon

ပခုက္ကူမြိုနယ်၊ ပန်းတိုင်းခြုံဂိတ်ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၁

မကွေးတိုင်း၊ ပခုက္ကူမြိုနယ်၊ ပန်းတိုင်းခြုံစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သာများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Young Force – UG တပ်ဖွဲမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ ရက် နံနက်ပိုင်းက ပခုက္ကူမြိုနယ်၊ ပခုက္ကူ-ရေစကြို ကားလမ်းမပေါ်ရှိ ပန်းတိုင်းခြုံကျေးရွာ၌ စစ်ဆေးရေးဂိတ်ဖွင့်ကာ တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သားများကို RC Plane များဖြင့် ဗုံးသီး ၁၅ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သားများနေထိုင်ရာ ဝန်းအတွင်းတည့်မတ်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ပခုက္ကူ – ရေစကြိုလမ်းမပေါ်ရှိတဲ့ဂိတ်ပါ၊ စစ်ခွေးအင်အားကတော့ နည်းနည်းများသေးတယ်၊ ဗုံးသီး ၁၅ လုံးချခဲတာ၊ သူတိုနေထိုင်အဝန်းအဝိုင်းအတွင်းတော့ ကျရောက်ပေါက်ကွဲမှုရှိခဲ့တယ်၊ ခွေးသေ ထိခိုက်မှုကတော့ စုံစမ်းလိုမရသေးဘူး၊ ဗုံးကျကွဲပြီးတော့ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်၊ လက်နက်ကြီးနဲ့ပစ်တာတော့ မရှိဘူး၊ လက်နက်ငယ်ကတော့ ကျနော်တိုဆီမရောက်ဘူး၊ ကျနော်တို ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Young Force – UG တပ်ဖွဲမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပ.က.ဖ)ပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၂ Young Force – UGပခုက္ကူမြိုနယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ ၂ – Thurain – TRပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၂ – Pakokku Underground Forceပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၂ – Black Cheetahပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၂ – Pakokku Rangerပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၂ – Taty Gyi နှင့် ပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၂ – Shwe Nyar Myae တပ်ဖွဲတို ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article