25 C
Yangon

ပလက်ဝတွင် လမ်းဖောက်လုပ်ရေး အိန္ဒိယ မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ်ဦးဆောင်သော အဖွဲ့က AA နှင့် တွေ့ဆုံ ဆွေးနွေး

Must read

ရန်ကုန်၊ မတ် ၁

ရက္ခိုင်တပ်တော်-AA က တိုက်ခိုက်သိမ်းပိုက်ထားသော ပလက်ဝမြို့နယ်တွင် လမ်းဖောက်လုပ်ရေးအတွက် အိန္ဒိယ မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ် Pu Valalvena ဦးဆောင်သော အဖွဲ့က AA နှင့် တွေ့ဆုံ ဆွေးနွေးကြောင်း The Lairam Timesက သတင်းဖော်ပြသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မီဇိုရမ်ပြည်နယ် ဇိုရင်ပူ Zorinpui ဒေသသို့ မီဇိုရမ်အမတ် Pu Valalvena အဖွဲ့ ရောက်ရှိလာပြီး ရက္ခိုင့်တပ်တော် AA မှ တာဝန်ရှိသူများဖြင့် တွေ့ဆုံကာ မီဇိုရမ်ပြည်နယ် အရှေ့လိုင်ရမ်မှ ပလက်မြို့သို့ ဖောက်လုပ်မည့် လမ်းပိုင်းကို ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ လမ်းသည် အိန္ဒိယနှင့် မြန်မာနိုင်ငံကြား ဆက်သွယ်ရေးလမ်းမဖြစ်ပြီး မီဇိုရမ်ပြည်နယ်နှင့် ပလက်ဝမြို့နယ်အကြား ဆက်သွယ်မည့် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) ဖြစ်ကြောင်း သိရှိရသည်။

KMMTTP စီမံကိန်းအရ ယခင် အိန္ဒိယအစိုးရနှင့် စစ်ကောင်စီတို့ကြား ပလက်ဝဒေသတွင်း လမ်းဖောက်လုပ်ရေးကို ဆွေးနွေးထားသော်လည်း လက်ရှိတွင် ပလက်ဝမြို့သည် AA လက်အောက်သို့ ရောက်ရှိသွားပြီဖြစ်၍ အဆိုပါ လမ်းဖောက်လုပ်ရေးကို AA နှင့် ဆွေးနွေးနေကြခြင်းဖြစ်ကြောင်း၊ ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) သည် ကာလကတ္တားဆိပ်ကမ်းကို စစ်တွေဆိပ်ကမ်းနှင့် ချိတ်ဆက်ထားပြီးနောက် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကုန်းတွင်းရေလမ်းမှတစ်ဆင့် မြန်မာနိုင်ငံအနောက်ဘက် ပလက်ဝမြို့သို့ ဆက်သွယ်ထားသည့် စီမံကိန်းဖြစ်ကြောင်း သိရှိရသည်။

ထိုမှတစ်ဆင့် ပလက်ဝမြို့နှင့် မီဇိုရိမ်ပြည်နယ်ကို ကုန်သွယ်သွားကြမည်ဖြစ်ပြီး ကာလကတ္တား-စစ်တွေ-ပလက်ဝ-မီဇိုရမ် ကုလားတန်မြစ်ကြောင်းတစ်လျှောက် အပြန်အလှန် ကုန်သွယ်ကြမည်လည်းဖြစ်ကြောင်း၊ ကုလားတန်မြစ်ကြောင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းယူထားပြီဖြစ်သော်လည်း လက်ရှိတွင် AA သည် အိန္ဒိယအစိုးရနှင့် ပလက်ဝဒေသအတွင်းက လမ်းဖောက်လုပ်ရေးကိစ္စတစ်ခုကိုသာ တွေ့ဆုံဆွေးနွေးကာ စစ်တွေရေနက်ဆိပ်ကမ်းအပါအဝင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် လမ်းဖောက်လုပ်ရေးကိစ္စ အသေးစိတ်ကို ဆွေးနွေးခဲ့ကြခြင်းမရှိသေးဟု သိရှိရသည်။

ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) သည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားဆိပ်ကမ်းနှင့် ရခိုင်ပြည် စစ်တွေဆိပ်ကမ်းတို့ကို ပင်လယ်ရေကြောင်းဖြင့် ဆက်သွယ်ပေးသည့် အမေရိကန်ဒေါ်လာ ၄၈၄ သန်း ကုန်ကျမည့် စီမံကိန်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article