25 C
Yangon

လောင်းလုံးမြိုတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားနှင့် မောင်းမကန်နယ်မြေရဲစခန်း ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖောဝါရီ ၂၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြိုတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားနှင့် မောင်းမကန်နယ်မြေရဲစခန်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် လောင်းလုံးမြိုနယ်၊ ကျောက်နီမော်ရွာ ရဲချောင်းလမ်းဆုံ၌ အကြမ်းဖက် စစ်ကောင်စီနှင့် ပျူစောထီးများ လိုက်ပါလာသော ကားကို တော်လှန်ရေး တပ်ဖွဲများက မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား နှင့် ပျူစောထီး ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မောင်းမကန် နယ်မြေရဲစခန်းကို တော်လှန်ရေး တပ်ဖွဲများက လက်နက်ကြီးများဖြင့် သွားရောက် တိုက်ခိုက်ရာ လက်နက်ကြီး ကျည်ထိမှန်ပြီး စခန်းမှူး အဆောင်နှင့် ကပ်လျှက်ရှိသည့် အဆောင် ၂ ခုပျက် စီးခဲ့ပြီး စစ်ကောင်စီ တပ်သား အများပြား ထိခိုက် သေဆုံးခဲ့ကြောင်း၊ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် ခလရ (၁၀၄) မှ မြေတင်ကား ၁ စီးဖြင့် လာရောက်ကာ စစ်ကောင်စီတပ်သား အလောင်း ၄ လောင်း အပါအဝင် ဒဏ်ရာပြင်းထန်သည့် စစ်သား ၉ ဦးကို တင်ဆောင်ကာ ခလရ ၁၀၄ တပ်ရင်း အတွင်း ညတွင်းချင်း သယ်ဆောင်သွားကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်း သိရလို တိုက်ပွဲဖြစ်စဉ်ကို ထပ်ပြီးတော့ ထုတ်ပြန်တာပေါ့။ ရဲချောင်းလမ်းဆုံမှာ ဖြစ်တုန်းက ကားပေါ်မှာ ၂ ကောင်သေ ကုန်းပေါ်မှာ ၁ ကောင်သေ ၃ ကောင်သေခဲ့တယ်။ ဒဏ်ရာရတဲ့ ကောင်တွေကို ကျောက်နီမော် စစ်ခွေးစခန်းကို ဆွဲခေါ်သွားပြီး ဆေးကုသနေတုန်း ၃ ရက်ကြာမှာ ၂ ကောင် ထပ်သေခဲ့ပါတယ်။ မောင်းမကန်စခန်းတိုက်ပွဲမှာကျတော့ အဲနေ့ နံနက် ၂ နာရီ ၃၀ မိနစ်မှာ ၁၀၄ တပ်ရင်းကနေ မြေတင်ကား ၁ စီး ရောက်လာပြီး ၁၃ ကောင် သယ်သွားခဲ့ပါတယ် ၄ ကောက်က သေနေပြီး ကျန် ၉ ဦးက ဒဏ်ရာများစွာရနေခဲ့ပါတယ်” ဟု လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ခလရ ၁၀၄ တပ်ရင်းမှ အင်အား ၄၀ ရှိ စစ်ကောင်စီ တပ်သားများသည် လက်နက်အပြည့်အစုံဖြင့် မောင်းမကန်စခန်း၌ အင်အားထပ်ဖြည့်ထားပြီး စစ်သင်္ဘောများလည်း မောင်းမကန်ကျေးရွာအနီး ကျောက်ချထားကာ လောင်းလုံးမြို အနီးတွင်လည်း ကင်းများချထားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article