25 C
Yangon

လက်ပံတန်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ဝင်းအောင် ကို ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် သာယာဝတီဂဠုန်တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဝင်းအောင်သည် CDM ဝန်ထမ်းများကို ဖိအားပေးခြင်း၊ ရဲသတင်း ပေးခြင်း၊ အကြမ်းဖက် စစ်တပ်ထံ PDF ရဲဘော်များ သတင်းကို ပေးပို့ ဖမ်းဆီးစေခိုင်းခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ဝင်းအောင် အသုံးပြုသည့် အကြမ်းဖက်စစ်တပ်နှင့် ဆက်သွယ်စကားပြောသည့် အချက်အလက်များပါသော ဖုန်း ၁လုံးနှင့်အတူ ဆိုင်ကယ် ၁ စီးကို သိမ်းဆည်းရမိခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article