25 C
Yangon

အင်းစိန် အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ ပြင်းထန်စွာ ရိုက်နှက်ပြီး တိုက်ပိတ်ထား

Must read

ရန်ကုန်၊ မတ် ၁

အင်းစိန် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများ အချင်းချင်း ဘောလုံးကစားစဉ် ခိုက်ရန် အနည်းငယ် ဖြစ်သည်ကို ထောင်အာဏာပိုင်များက အကြောင်းမဲ့ ပြင်းထန်စွာ ရိုက်နှက်ပြီး ခြေကျင်းဝတ်ဒေါက်ထည့်၍ တိုက်ပိတ်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နံနက် ၈ နာရီအချိန်တွင် အင်းစိန်အကျဉ်းထောင်၏ အားကစားကွင်းတွင် ဘောလုံးကစားစဉ် နိုင်ငံရေး အကျဉ်းသားများဖြစ်သော ကိုထက်နှင့် ‌ထွေးလေးတို ထိခိုက်မိ၍ အနည်းငယ် စကားများသည်ကို အခန်းလူကြီး ရဲလေးဆိုသူ ရောက်လာကာ ပါးကို ၄ ၊၅ ချက် ရိုက်နှက်ခဲ့ပြီး ဘေးတွင် ရပ်ကြည့်နေသည့် နိုင်ငံရေး အကျဉ်းသား အာနိုး ခေါ် မြတ်နိုးမောင် ကိုလည်း “မင်းပါ ပါတယ်” ဟု ပြောဆို၍ ရိုက်နှက်ရန် ကြိုးပမ်းသည်ကို ပြန်လည် ခုခံသည်ကို အကြောင်းသိမယ်ဟု ခြိမ်းခြောက်ပြောဆိုကာ ပုံစံ ထိုင်ခိုင်းကာ အာနိုးကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ထိုပြင် ရပ်ကြည့်နေသည့် နိုင်ငံရေးအကျဉ်းသား သော်ဇင်ဦးကိုလည်း “ဘာရပ်ကြည့်နေတာလဲ မပေယကျနပ်ဘူးလား” ဟု မေးမြန်းကာ ပုံစံထိုင်ခိုင်းကာ ၄ ဦးစလုံးကို ရိုက်နှက်နှိပ်စက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

ရိုက်နှက်ထိုးကြိတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားများကို နံနက် ခင်းပိုင်းမှ စ၍ နေ့ခင်း တန်းပိတ်ချိန်အထိ အစားအသောက်မကျွေးဘဲ ရုံးခန်းရှေ့တွင် ဒူးထောက်ထိုင်ခိုင်းခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီခန့်တွင် အဆောင်ထုတ်ပြီး မိန်းဂျေး ဦးစီးမှူးရုံးခန်းသို ပို၍ ထပ်မံရိုက်နှက်ကာ ခြေချင်းဒေါက်ထည့်၍ တိုက်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

A security officer walks in front of Insein Prison in Yangon, Myanmar December 29, 2017. Picture taken December 29, 2017. REUTERS/Stringer
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article