26 C
Yangon

နတ်မောက်မြိုနယ်တွင် စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အနီးအနားရှိ ပြည်သူ ၁ ဦးကို ဖမ်းဆီး ပစ်သတ်

Must read

ရန်ကုန်၊ မတ် ၁

မကွေးတိုင်း၊ နတ်မောက်မြိုနယ်တွင် စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ပြည်သူ ၁ ဦးကို ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နတ်မောက်မြိုနယ် အရှေ့ခြမ်းကို စစ်ကား ၃ စီးဖြင့် စစ်ကြောင်းထိုးလားသည့် အင်အား ၁၅၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဆယ်လည်ကျေးရွာ၊ ပေပင်ရှည်ကျေးရွာ အနီးအနားရှိ ပြည်သူများနေထိုင်ရာ တဲတိုက်များကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး အင်အားစုများက မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသောကားကို ကျောက်တောင်ဇရပ်အရောက်တွင် အသင့်ဆင်ထားသော ပဒေသာမိုင်းများ၊ စိန်ပြောင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနား ဝက်ခြံရှိ ဒေသပြည်သူ အသက် ၃၂ နှစ်အရွယ် ကိုရဲ ဆိုသူကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

“မနေ့က နတ်မောက် အရှေ့ခြမ်း မိုင်းဆွဲမှုဖြစ်တဲ့ နေရာမှာ စစ်ကောင်စီက အပြစ်မဲ့ ပြည်သူကို သတ်ဖြတ်သွားတာပါ။ မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြိုနယ် ဆည်လည်ကျေးရွာ မြောက်ဘက် ဝက်ခြံအနီးမှာ သေနတ် ဒဏ်ရာနဲ့ သေဆုံးလျက် ကိုရဲ ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတယ်။ မနေ့က ဆည်လည်ကနေ ပြန်ဆုတ်သွားတဲ့ စကစ တပ်က ဝက်ခြံအနီးမှာ ရောက်လာစဥ် ကိုရဲက ထွက်ပြေးလို လိုက်ပစ်သတ်တာပါ။ ကိုရဲ ရဲ့ ဝက်ခြံက honda 125 ၁ စီး နဲ့ shayan ၁ စီးကိုလည်း ယူဆောင်သွားပါတယ်။ ရွာသားများက ဒီနေ့မှ အလောင်းကို ပြန်ရှာတွေ့ခဲ့တာပါ” ဟု ဒေသပြည်သူများက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article