25 C
Yangon

တန့်ဆည်မြို့နယ်ရှိ ကံထူးမရွာ အပါအဝင် ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ လုံးထက်မနည်း မီးလောင်ပြာကျ၊ စစ်တပ်က ပြည်သူ ၃ ဦးကို လည်လှီးသတ်ဖြတ်ပြီး ပြည်သူ ၁၅ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

Must read

တန့်ဆည်မြို့နယ်ရှိ ကံထူးမရွာ အပါအဝင် ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ လုံးထက်မနည်း မီးလောင်ပြာကျ၊ စစ်တပ်က ပြည်သူ ၃ ဦးကို လည်လှီးသတ်ဖြတ်ပြီး ပြည်သူ ၁၅ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမစံပြရွာ၊ ဖိုနှုတ်ရွာ၊ ကော်တက်ရွာ၊ ‌သပြေရင်းရွာနှင့် ရွာသစ်ကုန်းရွာတို့ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့‌ရာ နေအိမ် ၇၀လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း မြေပြင်သတင်းတာဝန်ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

တန့်ဆည်မြို့နယ်တွင် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၃ရက်‌မှ ၂၉ရက်အထိ ကံထူးမစံပြရွာမှ နေအိမ် ၃၀လုံးခန့်၊ သပြေရင်းရွာမှ နေအိမ် ၅လုံး၊ ဖိုနှုတ်ရွာမှ နေအိမ် ၂၀လုံး၊ ကော်တက်ရွာမှ နေအိမ် ၄လုံးနှင့် ရွာသစ်ကုန်းရွာမှ နေအိမ် ၅လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၀ရက်တွင် ကံပေါက်ရွာမှ ပြည်သူ တစ်ဦး၊ ဖေဖော်ဝါရီလ ၂၇ရက်တွင် ငနုချောင်းရွာသစ်မှ ပြည်သူ ၂ဦးတို့ကို အကြမ်းဖက်လှုပ်ရှားစစ်ကြောင်းက ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း၊ ကံထူးမစံပြရွာတွင် တပ်စွဲထားသော စစ်ကြောင်းက ပြည်သူ ၁၀ဦးခန့်နှင့် လှုပ်ရှားစစ်ကြောင်းက ပြည်သူ ၅ဦးခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးထားခဲ့ကြောင်း သိရှိရသည်။

“စစ်ကြောင်းနှစ်ကြောင်းရှိတယ်၊ ကံထူးမမှာ ၁၀ရက်ကြာတပ်စွဲတာ အင်အား၈၀ပါ ဘီလူးစစ်ကြောင်း၊ အခုတောင်ကြောင်းရွာဘက်ကို စစ်ကြောင်းထိုးနေ‌တာက ဝါသဝရဲ့ပျူနဲ့ စစ်ခွေးစစ်ကြောင်း အင်အား၁၂၇ယောက်ရှိတယ်။ ရွာတွေကိုမီးရှို့လိုက် လူတွေဝင်ဖမ်းလိုက်လုပ်နေတာ။ နယ်ထဲမှာ အင်တာနက်နဲ့ ဖုန်းလိုင်းကလည်း ပြတ်နေတော့ သတင်းမရလို့ ကြိုမရှောင်နိုင်တဲ့ သူတွေကိုဖမ်းသွားတာ” ဟု ‌လူသားချင်းစာနာ‌ထောက်ထားရေးတာဝန်ခံက ပြောသည်။

တန့်ဆည်မြို့နယ်တွင် ကံထူးမစံပြရွာအပါအဝင် ရွာပေါင်း ၃၀ခန့်မှ ပြည်သူ သုံးသောင်းခွဲခန့် စစ်ဘေးရှောင်နေကြရပြီး ကြိုတင်စီစဉ်မှုမရှိခဲ့ဘဲ အရေးပေါ်ထွက်ပြေးခဲ့ရသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးမလုံလောက်မှုများ ဖြစ်ပေါ်နေသည့်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article