29 C
Yangon

မုံရွာမြို့ရှိ ညောင်ဖြူပင် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

မုံရွာမြို့ရှိ ညောင်ဖြူပင် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ညောင်ဖြူပင် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Sun King Envoy Monywa မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မုံရွာမြို့​၊ မုံရွာတောင် ညောင်ဖြူပင် ရဲစခန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မဟာမိတ်တပ်ဖွဲ့များက Shar Htoo WAW နည်းပညာသုံး၍ မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဥ်ငယ်များဖြင့် AirBomb၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

“အထိအခိုက်ပဲ ကြားသေးတာ သေဆုံးစာရင်းကတော့ မသိရသေးဘူး။ သူတို့ဘက်ကို တော်တော်လေးထိတော့ ရွာထဲကိုထပ်ပြီးမီးရှို့တယ်။ ရွာထဲမှာလည်း ပြည်သူတွေ မနေကြတာကြာပြီဆိုတော့ သေဆုံးစာရင်းရဖို့က ခက်နေတာ” ဟု Sun King Envoy Monywa မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Sun King Envoy Monywa LPDF ၊ Monywa Brave Hearts – LPDF. – Urban Hunter Force – UHF Special Guerilla Force Monywa – S G F နှင့် Democratic Local Coalition – DLC တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article