36 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး၊ ကြို့ပင်ကောက်မြို့နယ်နှင့် ဇီးကုန်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး၊ ကြို့ပင်ကောက်မြို့နယ်နှင့် ဇီးကုန်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မတ် ၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြော ကြားသည်။

ဖေဖော်ဝါရီလ ၂၈ ရက် ညနေပိုင်းက မြင်းခြံမြို့နယ်၊ တလုပ်မြို့အပိုင်ကျေးရွာများအတွင်းသို့ ဝင်ရောက်လာသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရဒန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 2 ၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့နှင့် Twaytauk Revolution Force အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်နှင့် ဇီးကုန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ် နှင့် ဇီးကုန်းမြို့နယ် အကြား ပဲခူးရိုးမ တောင်ခြေ ဘော်ဘင်ဆည်ဘောင် အနီးရှိ ဘော်ဘင်တမံ (၁) ရွှေကုက္ကိုရွာနှင့် ငွေတူးရွာ တို့တွင် အင်အား ၆၀ ကျော်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သာယာဝတီတစ်ခရိုင်လုံးက ရိုးမထဲ ဆက်တိုက်ကိုပဲ စစ်ခွေးတွေက စစ်ကြောင်းတက်နေတာ မင်းလှမြို့နယ် ဘက်မှာ အင်အား၃၀၀၊ လက်ပံတန်း မှာ ၅၀၊ အုတ်ဖိုမှာ ၆၀၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်း မှာ ၈၀ လေယာဥ်တွေလည်းဝဲနေတယ်။ ရိုးမထဲက ဆင်းတဲ့လမ်းတွေ ဖျက်ဆီးနေတာ ခုရက်ထဲမှာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နှင့် ၃၇၀၁ တပ်ခွဲ ၂ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article