37 C
Yangon

ဖားကန့်မြို့နယ်၊ တာမခန်ရှိ စစ်တပ်၏ ခမရ ၁၁၉ စခန်းကုန်းကို KIA ၊ PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

Must read

ဖားကန့်မြို့နယ်၊ တာမခန်ရှိ စစ်တပ်၏ ခမရ ၁၁၉ စခန်းကုန်းကို KIA ၊ PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ မတ် ၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၉ စခန်းကုန်းကို KIA ၊ PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ ညပိုင်းတွင် ဖားကန့်မြို့နယ်၊ တာမခန်ရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၉ စခန်းကုန်းကို KIA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပြည်သူကို ခြိမ်းခြောက်ပြီး လက်နက်ကြီးတွေနဲ့ ထုနေတဲ့ ဖားကန့် တာမခန်မှာရှိတဲ့ အကြမ်းဖက် ဗျူဟာတပ်ရင်းကို KIA က ယနေ့ ညပိုင်းမှာ အဆုံးသတ် သိမ်းပိုက်လိုက်ပြီလို့သိရတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းတို့ကို KIA ၊ PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တာမခန် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ မတ်လ ၁ ရက်နေ့တွင် ခမရ ၁၁၉ စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article