31 C
Yangon

ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မတ် ၂

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်ထားသည်။

မတ်လ ၁ ရက်နေ့ ည ၉ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ဆီဆိုင်မြို့ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၄ ကြိမ် လာရောက် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့တွင်လည်း ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသကို အကြမ်းဖက် စစ်တပ်က အတွဲလိုက်ပစ်ဒုံးများ လက်နက်ကြီးများဖြင့် အကြိမ် ၆၀ ကျော် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဟိုပုံးမြို့နယ်၊ ပုံးအယ်ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပုံးအယ်ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပအိုဝ်းလူမျိုးတို့၏ မြို့၊ ကျေးရွာများ၊ အထွဋ်အမြတ်ထားရာ ဘာသာရေး အဆောက်အဦးများကို နေ့စဉ် တမင်သက်သက် ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေလျက်ရှိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article