33 C
Yangon

မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ်များ၊ ဆိုင်ကယ်များ၊ ဆီစက် အပါအဝင် ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံး

Must read

ရန်ကုန်၊ မတ် ၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးရာ နေအိမ်များ၊ ဆိုင်ကယ်များ၊ ဆီစက် အပါအဝင် ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၂ ရက်နေ့ မြင်းခြံမြိုနယ် ကန်ဆွယ်ကျေးရွာအတွင်းသို့ စစ်တပ်က ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို လုယက်ကာ ပြည်သူများကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ကန်ဆွယ် ဘုန်ကြီးကျောင်းကို တပ်စွဲထားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ဖမ်းဆီးထားသော ပြည်သူတချို့ ပြန်လွတ်လာသည်နှင့်တစ်ပြိုင်နက်တည်း မတ်လ ၃ ရက်နေ့တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း၊ ၆၀မမ ဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်သားများ အထိနာ သဖြင့် ကန်ဆွယ် ဘုန်ကြီးကျောင်းနှင့် ဘုန်ကြီးကျောင်း အနီးနားရှိ နေအိမ်များကို မီးရှိ ဖျက်ဆီးပြီး စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဆုံးရှုံးသွားသည့် ပြည်သူ့ပစ္စည်းဥစ္စာများတွင် နေအိမ် ၁၇ လုံး၊ ကွမ်းခြံ ၁ ခြံ ၊ ဆိုက်ကယ် ၁၅ စီး၊ ဆီစက် ၁ လုံးတို့ပါဝင်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article