25 C
Yangon

ကောလင်းမြို့ပေါ် ရှိ စစ်ကြောင်းနှင့် အောင်ချမ်းသာရွာရှိ စစ်တပ်ကို တော် လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်တပ်ဘက်မှ အထိနာပြီး သေဆုံးသူများရှိ

Must read

ရန်ကုန်၊ မတ် ၅

စစ်ကိုင်းတိုင်းကောလင်းမြို့ပေါ် မင်းတဲကြီးရပ်ကွက် မင်းဂျမ်းစိုင်ဒူးနှင့် ဆေးမင်းခုံတို့ရှိ အကြမ်းဖက်စစ်တပ် ယာယီတပ်စွဲထားသည့် နေရာများ ၊ကောလင်းမြို့မြောက်ဘက် အောင်ချမ်းသာရွာတွင် အခြေပြုနေသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ ည ၈ နာရီခန့်မှ ည ၁၀ နာရီ ၄၅ မိနစ်ခန့်အထိ အကြမ်းဖက်စစ်သားများ တပ်စွဲရာ နေရာများကို ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း အောင်ချမ်းသာရွာတွင် အခြေပြုနေသည့် အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ရာတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ၃ နာရီ တိုက်ခိုက်ခဲ့ရကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ က ဆိုသည်။

တိုက်ခိုက်မှုများကို ကောလင်းတပ်ရင်း 2+ KB1+ ပူးပေါင်းအင်အား၊ မြို့ပေါ်နှင့်အနောက်ခြမ်း ပကဖများ ပူပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တော်လှန်ရေးရဲဘော်များဘက်တွင် ကြီးကြီးမားမားထိခိုက် ဒဏ်ရာရရှိမှုမရှိဘဲ အကြမ်းဖက်စစ်သားများ၏ ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်ဘက်ကတော့ သေဆုံးမှုများတယ်။ မနေ့ညပိုင်းတိုက်ခိုက်မှုမှာ။ ဒါပေမယ့် ဘယ်လောက်သေလဲ အတိ အကျတော့မသိရဘူး။ အလောင်းတချို့ရတာလည်းရှိတယ်” ဟု ကောလင်းဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူ့ကာကွယ်ရေးတပ်များလက်ထဲမှ ကောလင်းမြို့ကို သိမ်းယူပြီးနောက် ယခုအခါ တော်လှန်ရေးတပ်များက တစ်ဖန် ပြန်လည်၍ စစ်ကောင်စီတပ်များကို ပတ်ပတ်လည် ပြန်လည်၀ိုင်းထားကာ တိုက်ခိုက်မှုများ ပြန်လည်စတင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article