25 C
Yangon

ဆားတောင်မြို့ ရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၅

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ ရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့တွင် ဆာတောင်မြို့၌ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆၀ ခန့်ရှိသော ဆားတောင်နယ်မြေ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၊ Fixwings များဖြင့် ဗုံးသီး ၁၂ ချပြီး မြေပြင်မှ ဆားတောင်မြို့အတွင်း ဝင်ရောက်ကာ ၄၀ မမ ဗုံးသီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် နယ်မြေခံ ရဲစခန်းအတွင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ကျဆုံး စာရင်းကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၄၀ မမ ဗုံးသီး ၁ လုံးနှင့် လက်နတ်ငယ်များဖြင့် ပြန်လှည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေး ၃ ကောင် ထိခိုက်ဒဏ်ရာရတယ်” ဟု Royal Falcon Guerilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Royal Falcon Guerilla Force ၊ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ ၊ Phoenix (SGG) ၊ Young Wolf Local PDF ၊ မြင်းမူမြို့နယ် PLA နှင့် စစ်ကိုင်းခရိုင် တပ်ရင်း (၇) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်ရေး အရှိန်အဟုန်မြှင့် နေချိန်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အသွားအလာ ဂရုစိုက်ကြရန်နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ အနီးအနားနေရာတွင် နေထိုင်ခြင်းမပြုရန်နှင့် ထိခိုက်မှု တစုံတရာ ရှိခဲ့ပါက လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း Royal Falcon Guerilla Force အဖွဲ့က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article