24.9 C
Yangon

မုဒုံရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးကာ လက်နက် ၁၅ လက်ကို မွန်ပြည်သစ်ပါတီ (NMSP-AD) က သိမ်းဆည်း

Must read

ရန်ကုန်၊ မတ် ၅

မွန်ပြည်နယ် မုဒုံမြိုနယ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးကာ လက်နက်များကို သိမ်းဆည်းခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (NMSP-AD) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ ကော့ခပီထဝ်နှင့် ကမာဝက်စိန်တောင်ရှိ ပြည်သူ့စစ်များနေရာကို ဝင်ရောက်၍ ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးကာ လက်နက် ၁၅ လက်ခန့် သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP-AD) ၏ ပြောရေးဆိုခွင့်ရ နိုင်ဗညားမွန် က ပြောကြားသည်။

” ကျနော်တိုတပ်တွေက ကော့ခပီထဝ် နဲ့ ကမာဝက်စိန်တောင် ရှိ ပြည်သူ့စစ်လက်နက်တွေ သိမ်းဆည်းပြီး သူတိုခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပါတယ်”ဟု မွန်ပြည်သစ်ပါတီ(NMSP-AD)၏ ပြောရေးဆိုခွင့်ရ နိုင်ဗညားမွန် က ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောဆိုသည်။

မွန်ပြည်သစ်ပါတီက ပြည်သူ့စစ်များ ဖမ်းဆီး၍ လက်နက်များကို သိမ်းဆည်းပြီးနောက်တွင် အကြမ်းဖက်စစ်တပ်ဘက်က မွန်ပြည်သစ်ပါတီ အဖွဲဝင်အချို၏ မိသားစုဝင် အမျိုးသမီး ၃ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article