25 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၆ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်တဲ့ အောင်မြင့်မိုရ်မင်းအသက်အာမခံ ကုမ္ပဏီက ရှေ့တန်းတိုက်ပွဲတွေမှာ သေဆုံးသွားတဲ့စစ်သည်တွေအတွက် အသက်အာမခံကြေးတွေကို ပေးလျှော်ခြင်းမရှိဘဲ အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲငြင်းပယ်မှုတွေ လုပ်ဆောင်နေတယ်လို့ သေဆုံး သွားတဲ့စစ်သည်တွေရဲ့ ကျန်ရစ်သူမိသားစုတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ဆက်သွယ်ပြော ဆိုပါတယ်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း ကျေးရွာ ၂ ရွာကို အကြမ်းဖက်တပ်က လေကြောင်းကနေ ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ်အဘိုးအိုတစ်ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၇ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသနေပြည်သူတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပါတယ်။
  • အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အညာဒေသအခြေပြု BLDF တပ်ဖွဲ့ကို တော်လှန်ရေးအင်အားစုအဖြစ် အသိအမှတ်ပြုပြီး စစ်ရေးလှုပ်ရှားမှုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်း တွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article