26 C
Yangon

စစ်အာဏာရှင်ကို တော်လှန်နေသည့် မြန်မာပြည်သူများနှင့်အတူ အရှေ့တီမောအစိုးရနှင့်ပြည်သူများက ရပ်တည်နေဟု အရှေ့တီမောဝန်ကြီးချုပ် ပြောဆို၊ ဩစတြေးလျတွင် ပြုလုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲသို အရှေ့တီမောအစိုးရ ဦးဆောင် တက်ရောက်

Must read

“မြန်မာပြည်သူတွေကို ပြောချင်တာက မင်းတိုချည်းပဲမဟုတ်ပါဘူး။ အရှေ့တီမောနိုင်ငံနဲ့ပြည်သူတွေကလည်း မင်းတိုနဲ့အတူ ရပ်တည်နေပါတယ်”

ရန်ကုန်၊ မတ် ၆

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ကို တော်လှန်နေသည့် မြန်မာပြည်သူများနှင့်အတူ အရှေ့တီမောနိုင်ငံနှင့်ပြည်သူများက ရပ်တည်နေဟု အရှေ့တီမောဝန်ကြီးချုပ် Xanana Husu ပြောဆိုလိုက်သည်။

မတ်လ ၄ ရက်နေ့ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းတွင်ပြုလုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲသို အရှေ့တီမောအစိုးရ၏ ဝန်ကြီးချုပ် Xanana Husu က တက်ရောက်စဉ် ထိုသို ပြောဆိုလိုက်ခြင်းဖြစ်သည်။

“မြန်မာပြည်သူတွေကို ပြောချင်တာက မင်းတိုချည်းပဲမဟုတ်ပါဘူး။ အရှေ့တီမောနိုင်ငံနဲ့ပြည်သူတွေကလည်း မင်းတိုနဲ့အတူ ရပ်တည်နေပါတယ်” ဟု အရှေ့တီမောအစိုးရ၏ ဝန်ကြီးချုပ် Xanana Husu က ပြောဆိုသည်။

မြန်မာ့အရေးအတွက် အာဆီယံဘုံသဘောတူညီချက်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ထောက်ခံကြောင်း၊ မြန်မာ့အရေးအတွက် နိုင်ငံတကာတွင် တောင်းဆိုမှုများ ဆက်လက်လုပ်ဆောင်ပြီး မြန်မာပြည်သူများနှင့်ရပ်တည်နေကြောင်း ဆက်လက် ပြသသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ့အရေး ဖြေရှင်းရာတွင် မြန်မာပြည်သူများ ဦးဆောင်သော ဖြေရှင်းမှုနှင့်ချည်းကပ်မှုကို ထောက်ခံကြောင်း အရှေ့တီမောအစိုးရ ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်က အာဆီယံခေါင်းဆောင်များ ကြုံတွေ့နေရသည့် သဘောတူညီချက် (၅) ချက်ကို တင်းတင်းကျပ်ကျပ် လိုက်နာခြင်းထက် ထိရောက်စွာ အကောင် အထည်ဖော်ရန် စိန်ခေါ်မှုများကို အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းရာတွင် ပိုမိုပြည့်စုံသော ချဉ်းကပ်မှုတစ်ရပ်ကို ချမှတ်ရန် အဆိုပြုသည်။

ဒရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ၏ အရေးပါမှုကို အလေးပေး၍ NUG ကိုယ်စားလှယ်က ယင်းကဲ့သို ကြိုးပမ်းဆောင်ရွက်မှုများ၏ လက်ရှိအခြေအနေများကို အလေးပေးဖော်ပြပြီး တိုင်း ရင်းသား စည်းလုံးညီညွတ်ရေးအစိုးရနှင့် မဟာမိတ်အဖွဲအစည်းများ၏ ဦးဆောင်မှုအခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့သည်။

အရှေ့တီမောသမ္မတကလည်း စစ်အာဏာရှင်ကို တွန်းလှန်နေသည့် မြန်မာပြည်သူများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး ၎င်းတိုတတ်စွမ်းသမျှ ကူညီသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article