25 C
Yangon

ရခိုင်တိုက်ပွဲများတွင် ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်မှူးအဆင့်အထိ စစ်အရာရှိကြီး ဖမ်းဆီးခံရမှုနှင့် သေဆုံးမှုနှုန်း မြင့်တက်လာ

Must read

ဗိုလ်မှူးချုပ် ၂ ဦး၊ ဗိုလ်မှူးကြီး ၃ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄ ဦး ၊ဗိုလ်မှူးနှင့်ဒုရဲမှူးကြီးတို့ သေဆုံး၊ ပျောက်ဆုံး၊ ဖမ်းဆီးခံရ

ရန်ကုန်၊ မတ် ၆

ရခိုင်ပြည်နယ် AA နှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားနေသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်မှူးအဆင့်အထိ စစ်အရာရှိကြီး ဖမ်းဆီးခံရမှုနှင့် သေဆုံးမှုနှုန်း မြင့်တက်လာကြောင်း AA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ဒုဗိုလ်မှူးကြီး ညီညီဝင်းတို့ကို ဖမ်းဆီးရရှိခြင်း

—————————————————————————-

ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံ နည်းဗျူဟာ ၃ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ညီညီ ဝင်း နှင့်ဗိုလ်မှူးချုပ် ဇော်မင်းထွန်း တို့ကို အရှင်ဖမ်းမိခဲ့သည်။

ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ အနီး ရေကြောင်းတိုက်ပွဲအတွင်းမှ အသက်လုထွက်ပြေးသွားသော စကခ ၉ တပ်မမှူး အသက် ၅၁ နှစ်အရွယ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်လက်ရဖမ်းမိခဲ့သည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ ၃ မှ ဗျူဟာမှူး ဖြစ်သည့် ဒုဗိုလ်မှူးကြီး ညီညီဝင်းကို ဦးခေါင်းနှင့် ရင်ဘတ်၌ ဒဏ်ရာရရှိထားကာ သေ လု မျောပါး ဖြစ်နေချိန်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရခိုင့်တပ်တော် ဆေးတပ်ဖွဲ့ဝင်များ မှ ဆေးဝါးကုသမှု ပေးခဲ့ ထားခြင်းဖြစ်ပြီး ယခုအချိန် ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။

ဗိုလ်မှူးချုပ်ဇင်မျိုးဆွေ ပျောက်ဆုံးပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် ဒုဗိုလ်မှူးကြီး ဗညားပိုင်စိုးတို့ သေဆုံး

————————————————————————————————–

ရခိုင်ပြည်နယ်တိုက်ပွဲများတွင် ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့်ဒု-ဗိုလ်မှူး ကြီး ဗညားပိုင်စိုးတို့မှာ တိုက်ပွဲတွင်း သေဆုံးသွားကာ ဗိုလ်မှူးချုပ် ဇင်မျိုးဆွေမှာ ပျောက်ဆုံးနေသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့က မြောက်ဦးမြို့ ခမရ ၃၇၇ တပ်ရင်းမှ တပ်မ ၁၁ တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်းကိုလည်းကို လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း ပလက်ဝ မြို့ နယ် တိုက်ပွဲအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ၏ နှုးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုး ကို သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရရှိခဲ့သည်။

ပလက်ဝဒေသအခြေစိုက် အခြားသော ရှေ့တန်းဌာနချုပ်တစ်ခုဖြစ်သော စကစ ၁၉ ၊ ရှေ့တန်း ဌာ နချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ အနေဖြင့်မူ ပျောက်ဆုံးနေသည်။

ခလရ ၂၉၉ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးနေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်လင်းထွန်းတို့ကို ဖမ်းဆီးရရှီ

————————————————————————————————–

မင်းပြားမြို့သို့ စစ်ကူလာသော ခလရ ၂၉၉ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ဇော်လင်းထွန်းတို့ကို ဇန်နဝါရီလ ၂၈ ရက်နေ့ တွင် AA က ဖမ်းဆီးရရှိခဲ့သည်။

မြောက်ဦးတွင် ဗိုလ်မှူး သိန်းထိုက်စိုးနှင့် ဒုရဲမှူးကြီး ခင်မောင်စိုးတို့ကို ဖမ်းဆီးရရှိခြင်း

————————————————————————————————-

မြောက်ဦးမြို့သိမ်းတိုက်ပွဲများတွင် ခမရ ၃၇၈ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုးတို့ကို AA က အရှင်ဖမ်းဆီးရရှိခဲ့သည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲတွင် ဗျူဟာမှူး၊ တပ်ရင်းမှူးနှင့် ဗိုလ်မှူး ၁ ဦးကို အသေဖမ်းမိ

————————————————————————————————-

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ စခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ ခလရ ၂၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ဗိုလ်မှူးစောထွေး အပါအဝင် စစ်သားအများအပြား သေဆုံးခဲ့သည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းကို AA က စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၄ ရက်နေ့တွင် အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မြို့သိမ်းသိမ်းတိုက်ပွဲများအတွင်း ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ် စဉ် ၄၂ ၊ ခလရ ၂၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ ၅၅၀ မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့ကြောင်း သိရှိရသည်။

မင်းပြားတွင် ဗိုလ်မှူးကြီး မျိုးမင်းသန်းကို အသေဖမ်းဆီးရရှိ

—————————————————————————

ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၇ နာရီ အချိန် ရက္ခိုင်ပြည်၊ မင်းပြားမြို၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” (သိုမဟုတ်) “တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း” ကို ရက္ခိုင့်တပ်တော် AA က အလုံးစုံသိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း၊ အဆိုပါ သင်တန်းကျောင်းကို ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၀ ရက်ခန့် အပြင်း အထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရကြောင်း၊ ယင်းတိုက်ပွဲတွင် တိုင်းဗဟို ၉ လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးကြီး မျိုးမင်းသန်းကို အသေဖမ်းဆီးရရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article