25 C
Yangon

မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့နယ် ၃ ခုတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာမှု အပစ်ရပ်ရေး အခက်အခဲဖြစ်စေနိုင်ပြီး ပြည်သူကို ခြိမ်းခြောက်သော လုပ်ရပ်ဟု တုံ့ပြန်

Must read

ရန်ကုန်၊ မတ် ၆

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့နယ် ၃ ခုတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာမှုသည် အပစ်ရပ်ရေး ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်ပြီး ပြည်သူကို ခြိမ်းခြောက်သော လုပ်ရပ်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က တရားဝင် ကြေညာသည်။

တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်မှုဖြင့် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီအကြား ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး အပစ်ရပ်ခဲ့ပြီး နောက်ဆက်တွဲ ဆွေးနွေးမှုများကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ပြုလုပ်ခဲ့ကြောင်း ၊ ဟိုင်ဂင်သဘောတူညီချက်ကို တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

မတ်လ ၄ ရက်နေ့တွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်များကို စစ်အုပ်ချုပ်ရေး စစ်ကောင်စီက ကြေညာမှုသည် ပြည်သူများကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ပြီး အပစ်ရပ်ရေး ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲ ဖြစ်စေနိုင်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်ကြေညာသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article