31 C
Yangon

အကြမ်းဖက် စစ်အုပ်စု ကျူးလွန်နေသော ရာဇဝတ်မှုများကို တရားစီရင်ရေး လမ်းကြောင်းဖြင့်ပါ အရေးယူရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် တွေ့ဆုံစဥ် NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်း

Must read

ရန်ကုန်၊ မတ် ၆

အကြမ်းဖက် စစ်အုပ်စု ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို တရားစီရင်ရေး လမ်းကြောင်းဖြင့်ပါ အရေးယူရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် တွေ့ဆုံစဥ် NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်း ပြောဆိုခဲ့ကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့တွင် လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Volker Turk တို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြိုရှိ မဟာမင်းကြီး၏ ရုံးခန်းတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံ ဆွေးနွေးမှုတွင် ၅၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းခဲ့သည့် လူ့အခွင့်အရေးမဟာမင်းကြီး၏ တင်ပြချက်တွင် ပါဝင်သော အကြမ်းဖက် စစ်အုပ်စုကို လက်နက်နဲ့ ငွေကြွေး ဖြတ်တောက်မှုများ လုပ်နိုင်ရန်အတွက် အဓိပ္ပာယ် ရှိပြီး ပိုမို ထိရောက်သည့် လုပ်ဆောင်မှုများ လုပ်ဆောင်သင့်ကြောင်း ထည့်သွင်းပြောကြားခဲ့မှုအား ကြိုဆိုပါကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ တိုင်းရင်းသားအဖွဲအစည်းများ ၊ အရပ်ဖက်အဖွဲအစည်းများကို တိုက်ရိုက်ဆက်သွယ်သည့် နိုင်ငံတကာ ချဉ်းကပ်မှုပုံစံအသစ်လိုအပ်ကြောင်း ပြောကြားခဲ့မှုကို ကျေးဇူးတင်ပြီးထောက်ခံကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံလက်ရှိ လူ့အခွင့်အရေးများကို တင်ပြခဲ့ရာတွင် အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်စွာ ရက်စက် သတ်ဖြတ်မှုများအကြောင်း၊ ပြဌာန်းလိုက်သော စစ်မှုထမ်း ဥပဒေသည် လူငယ်ထု တခုလုံးအတွက်နှင့် အနာဂတ်တိုင်းပြည်အတွက် ပိုမိုဆိုးရွားစေမည့်အခြေအနေကို ဖန်တီးရာရောက်ကြောင်း၊ ထိုမျှမက စစ်တပ်အတွင်း လူသားဒိုင်းအပါအဝင် အဓမ္မလုပ်အားစေခိုင်းခြင်းကဲ့သို လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားဝင်ကျင့်သုံးနိုင်ရန် ရည်ရွယ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းရှိ နိုင်ငံများအပေါ် ယခုထက် ပိုမိုဆိုးရွားသည့် သက်ရောက်မှုများ တွန်းပိုရာ ရောက်ကြောင်း အလေးထားတင်ပြခဲ့ဟု သိရသည်။

ရိုဟင်ဂျာ ပြည်သူများကိုလည်း အကြမ်းဖက် စစ်တပ်က စစ်သားသစ် အဖြစ် စုဆောင်းရန် ကြိုးစားနေကြောင်း၊ ယခင်လုပ်ရိုးလုပ်စဉ် နည်းလမ်းအတိုင်း ဘာသာရေး အဓိကရုန်း အသွင်ဖန်တီးပြီး နိုင်ငံရေး လွတ်လမ်းအဖြစ် လုပ်ဆောင်နေကြောင်း၊ ထိုပြင် လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်ထဲတွင် ယခုထက်ပိုမို ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်၊ ဒီမိုကရေစီ အင်အားစုများကို လူသားချင်းစာနာမှု ဘဏ္ဍာရေးဆိုင်ရာနှင့် နည်းပညာဆိုင်ရာများ ပံ့ပိုး လုပ်ဆောင်ပေးရန်၊ အရေးယူမှုဆိုင်ရာ တာဝန်ယူမှုဆိုင်ရာ လုပ်ဆောင်မည့်အကြောင်းအရာများကို ပြင်ဆင်လုပ်ဆောင်ပေးရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်သာမက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များတွင် အကြမ်းဖက် စစ်အုပ်စု ချိုးဖောက်နေသော ကိစ္စများကို တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်စေရန်အတွက် လူ့အခွင့်အရေး လမ်းကြောင်းတင်မက တရားစီရင်မှု လမ်းကြောင်းများကိုပါ အသုံးပြုနိုင်စေရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဆက်လက် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အကြံပေးအဖွဲဝင်ဖြစ်သည့် ဦးဂျာဘေတ် အီလောမ်လည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article