25 C
Yangon

ကနီမြို့ကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှ ယခု ညအချိန်အထိ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်နေ၊ စစ်ကောင်စီတပ်ဘက်မှ အလွန်အထိနာနေဟုဆို

Must read

ကနီမြို့ကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှ ယခု ညအချိန်အထိ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်နေ၊ စစ်ကောင်စီတပ်ဘက်မှ အလွန်အထိနာနေဟုဆို

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ ကနီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်နေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

မတ်လ ၂ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်ပြီး တော်လှန်ရေးတပ်ပေါင်းစုများက ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းကြောင်း၊ ကနီမြို့ပေါ်ရှိ စစ်တပ်စခန်းများအားလုံးကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ မတ်လ ၆ ရက်နေ့တွင် တိုက်ပွဲများ အလွန်ပြင်းထန်လာပြီး ကနီမြို့တစ်ခုလုံးကို တော်လှန်ရေးတပ်များက ပတ်ပတ်လည် ဝိုင်းပိတ်ဆို့ထားကြောင်း၊ ထို့ကြောင့် ယနေ့ တစ်နေ့လုံး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ မရပ်မနားလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ယနေ့ ကနီမြို့ကို တစ်နေ့ လုံး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာတွင် နံနက် ၁၀ နာရီ ၁၀ မိနစ်မှ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန်အထိ Mi35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ၊ နံနက် ၁၀ နာရီ ၄၈ မိနစ်မှ နံနက် ၁၀ နာရီ ၅၆ မိနစ်အထိ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ်၊ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၈ မိနစ်အချိန်တွင် တိုက်လေယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီ ၁၈ မိနစ်အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီ ၂၆ မိနစ်တွင် တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်၊ ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် ရဟတ်ယာဉ်တစ်စီးပျံဝဲခြင်း၊ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် Y12 လေယာဉ်တစ်စီး ပျံဝဲခြင်း၊ ညနေ ၅ နာရီ ၂၀ မှ ညနေ ၅ နာရီ ၂၄ မိနစ်အထိ ဂျက်တိုက် လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ၊ ယနေ့ ည ၈ နာရီမှ ၉ နာရီအကြား တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

ကနီမြို့တိုက်ပွဲသည် မတ်လ ၂ ရက်နေ့မှ ယနေ့ မတ်လ ၆ ရက်နေ့အထိ ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အကြီးအကျယ် အထိနာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article