25 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

မြင်းခြံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ မတ် ၆

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာ‌‌ကျေးရွာကို စစ်ကြောင်းထိုးလာ‌သာ အကြမ်းဖက် စစ်ကောင်စီ စစ်တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကာ စစ်ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံပြီး ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ၁ ရက် ညောင်ပင်ရွာမှာ တိုက်ခိုက်တာက စစ်ခွေး ၄ ကောင်သေတယ်။ ၄ ကောင် ဒဏ်ရာရတယ်။ ၂ ရက်နေ့ ကန်ဆွယ်ရွာမှာ တိုက်ခိုက်တာကတော့ စစ်ခွေး သေစာရင်း မသိရသေးဘူး” ဟု မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း (27 Revolution Forces) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း အမှတ် ၁ 27 Revolution Forces ၊ ရွှေခြံပြောက်ကျားတပ်ဖွဲ့ ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းမင်းတမံပြောက်ကျားတပ်ဖွဲ့ ၊ ဒေါင်းနီ ပြောက်ကျား တပ်ဖွဲ့ ၊ နဂါးနီ ပြောက်ကျား တပ်ဖွဲ့ ၊ မြင်းခြံ ပကဖ၊ မြောင် ကျေးရွာ တပ်ပေါင်းစု ၊ မြင်းခြံခရိုင် တပ်ရင်း ၉ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article