25 C
Yangon

လိုင်ဇာဆေးရုံအနီးတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျ၍ ၂ ဦး သေဆုံးပြီး မုန်လိုင်ခက်နှင့် လိုင်ဇာဘက်သို့ တိုက်လေယာဉ်များဖြင့် ဗုံးကျဲနေ၊ တရုတ်ဘက်အခြမ်းသို့ လက်နက်ကြီးကျည် ၁ လုံးကျ

Must read

လိုင်ဇာဆေးရုံအနီးတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျ၍ ၂ ဦး သေဆုံးပြီး မုန်လိုင်ခက်နှင့် လိုင်ဇာဘက်သို့ တိုက်လေယာဉ်များဖြင့် ဗုံးကျဲနေ၊ တရုတ်ဘက်အခြမ်းသို့ လက်နက်ကြီးကျည် ၁ လုံးကျ

ရန်ကုန်၊ မတ် ၇

ကချင်ပြည်နယ်၊ KIA ဌာနချုပ် လိုင်ဇာဘက်သို့ စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေရာ လိုင်ဇာ ဆေးရုံအနီး လက်နက်ကြီးကျည်ကျရောက် ပေါက် ကွဲ၍ ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။

ဒီနေ့ မနက် ၁၀နာရီခန့်လောက်မှာ လိုင်ဇာဆေးရုံးနားမှာ စစ်တပ်က ပစ်တဲ့ လက်နက်ကြီးကျပြီးတော့ သားအမိ၂ဦးသေဆုံးပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် လိုင်ဇာအနီးသို့ လာရောက်ပစ်ခတ်လျက်ရှိပြီး တရုတ်နိုင်ငံဘက်အခြမ်းသို့ လက်နက်ကြီး ၁ လုံးကျရောက်ကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းတည့် ၁၂နာရီခန့်လောက် လိုင်ဇာနဲ့ မုန်လိုင်ခက်အနီးကို တိုက်လေ ယာဉ်တွေနဲ့ ပေါင် ၅၀၀ ဗုံးတွေကျဲချ တယ်။ ၁လုံး တရုတ်ထဲ ကျတယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။

KIA သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ လိုင်ဇာဘက်သို့ ဗုံးလာကျဲသည့် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များကို ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက်အစောပိုင်းမှစတင်၍ မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၂ နေရာထပ်မနည်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းများကိုလည်း သိမ်းပိုက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- လိုင်ဇာမြို့ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article