36 C
Yangon

ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီး ကျေးရွာအုပ်စု မှ ၁ ရွာလျှင် လူ ၅၀ ဦးနှုန်းဖြင့် စစ်မှုထမ်းရန် အုပ်ချုပ်ရေးမှူးများက အတင်းအဓမ္မ စုဆောင်းနေပြီး ၎င်းတို့နှင့် ဆွေမျိုးတော်စပ်သူများကို စုဆာင်းခြင်းမရှိ

Must read

ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီး ကျေးရွာအုပ်စု မှ ၁ ရွာလျှင် လူ ၅၀ ဦးနှုန်းဖြင့် စစ်မှုထမ်းရန် အုပ်ချုပ်ရေးမှူးများက အတင်းအဓမ္မ စုဆောင်းနေပြီး ၎င်းတို့နှင့် ဆွေမျိုးတော်စပ်သူများကို စုဆာင်းခြင်းမရှိ

ရန်ကုန်၊ မတ် ၇

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီးအုပ်စုရှိ ကျေးရွာ ၁၀ ရွာမှ ၁ ရွာလျှင် လူ ၅၀ ဦးနှုန်းဖြင့် စစ်မှုထမ်းရန် အုပ်ချုပ်ရေးမှူးများက အတင်းအဓမ္မ စုဆောင်းနေပြီး ၎င်းတို့နှင့် ဆွေမျိုးတော်စပ်သူများကို စုဆာင်းခြင်းမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လအတွင်းက စတင်ကာ ပဲခူးမြို့နယ်၊ အထက်ဇိုင်းဂနိုင်းကြီးအုပ်စုရှိ ကျေးရွာ ၁၀ ရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက အတင်းအဓမ္မ အမည်စာရင်းများ စုဆောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အထက်ဇိုင်းဂနိုင်းကြီးအုပ်စုရှိ ကျွဲဒညင်ကုန်း၊ ဇောင်ယားကုန်း၊ သာဂလ၊ ကော်ပြန့်၀ိုင်၊ ကန်တော်၊ ဇိုင်ဂနိုင်၊ ကျွန်းဦး၊ ထား၀ယ်အင်း စသည့် ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများသည့် ၎င်းတို့စိတ်တိုင်းကျ စစ်မှုထမ်းရန် အမည်များကို ထည့်သွင်းပြီး ၎င်းတို့၏ ဆွေမျိုးများကို စာရင်းထည့်သွင်းခြင်းမရှိသောကြောင့် ကျေးရွာနေ ပြည်သူများက မကျေနပ်ကြကြောင်း သိရှိရသည်။

“ဇိုင်းဂနိုင်အုပ်စု အတွင်းမှာရှိတဲ့ ကျေးရွာတွေကို တစ်ရွာကို လူ ၅၀ တောင်းခံနေတယ်။ အချို့ကျေးရွာတွေက မဲနှိုက်လို့ ပေါက်မှသွားရမယ်။ အချို့ကျေးရွာတွေမှာ ကျတော့ ရာအိမ်းမှူး ကိုယ်တိုင်က သူ့စိတ်တိုင်းကျ နာမည်တွေကို ထည့်ပါတယ် ထည့်တဲ့အထဲမှာ သူ့ရဲ့ ဆွေမျိုးတွေမပါတာကို ရွာသားတွေက မကျေနပ်ကြဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အထက်ဇိုင်းဂနိုင်းကြီးအုပ်စုရှိ ပြည်သူများ၏ ဆန္ဒမပါဘဲ အတင်းအကျပ် စစ်မှုထမ်းရန် စုဆောင်းနေသော ရာအိမ်းမှူးနှင့် အုပ်ချုပ်ရေးမှူးများကို ထိရောက်စွာ ဟန့်တားနိုင်ရန် တော်လှန်ရေး အင်အားစုများကို ပြည်သူများက တောင်းဆိုလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article