31 C
Yangon

နေပြည်တော်၊ ဥတ္တရသီရီမြို့နယ် ဘုရားတောင် ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းရန်အတွက် စစ်တပ်က လာရောက်ခေါ်ယူ

Must read

နေပြည်တော်၊ ဥတ္တရသီရီမြို့နယ် ဘုရားတောင် ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းရန်အတွက် စစ်တပ်က လာရောက်ခေါ်ယူ

■ ရန်ကုန်၊ မြို့နယ်တချို့တွင် ဧပြီလကုန်စတင်ခေါ်ယူမည့် စစ်မှုထမ်း အပတ်စဉ် ၁ အတွက် လူငယ်များ၏ နာမည်စာရင်း စတင်ကောက်ယူ

ရန်ကုန်၊ မတ် ၇

နေပြည်တော်၊ ဥတ္တရသီရီမြို့နယ် ဘုရားတောင် ကျေးရွာမှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းရန်အတွက် စစ်တပ်က လာရောက်ခေါ်ယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်ရွာလျှင် လူငယ် ၂၀ စုဆောင်းပေးရန် စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများက လူငယ်များကို စာရင်းပြုစု စုဆောင်းပေးရကြောင်း၊ အဆိုပါ စာရင်းပြုစု စုဆောင်းပေးရမှုသည် စစ်မှုမထမ်းမနေရ ဥပဒေနှင့် ပတ်သက်မှုမရှိဘဲ သီးခြား တပ်သားသစ်စုဆောင်းခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုဖေဖော်ဝါရီလနှောင်းပိုင်းအတွင်း နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဘုရားတောင် ကျေးရွာမှ လူငယ် ၁၅ ဦးကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က စုဆောင်းပြီး စစ်တပ်က လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်မှုထမ်းဖို့အတွက် လူငယ် ၁၅ ဦးကို စစ်တပ်က လာခေါ်သွားပါတယ်။ ဖမ်းတာမဟုတ်ဘူး။ စစ်တပ်ထဲဝင်ဖို့ ဆိုပြီး လာခေါ်တာ။ ဘုရားတောင်ကျေးရွာမှာက ကြံ့ဖွတ်ပါတီက လူတွေကလည်း များတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နှင့်သန်လျင်မြို့နယ်တို့တွင် လာမည့်ဧပြီလကုန် ခေါ်ယူမည့် စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်သား အပတ်စဉ် ၁ အတွက် လူငယ်များ၏ နာမည်စာရင်းများ စတင်ရယူနေပြီဖြစ်ကြောင်း သိရှိရသည်။

“သန်လျင်မြို့ အောင်ချမ်းသာ ရပ်ကွက် ၁ ဗိုလ်မိုးလမ်း မှာ သန်ခေါင်စာရင်းကောက်တယ်။ ဒီနေ့ နေ့လယ် ၁ နာရီ ၃၀ မှာ လာကြတာ။ သန်ခေါင်စာရင်းကောက်တယ်၊ အသက်ကိုတွက်ပြီး အသက်ပြည့်တာနဲ့ ဓာတ်ပုံရိုက်ပြီး Viber ကနေ တန်းပြီးပို့တယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းအတွင်းရှိ ရပ်ကွက်များတွင် ယနေ့ စစ်မှုထမ်းမည့် လူငယ်စာရင်း အသေးစိတ် ကောက်ယူခြင်း၊ စစ်မှုထမ်းရေး ဝါဒဖြန့် လက်ကမ်းကြော်ငြာများ ဝေငှခြင်းများကို စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းလုပ်ဆောင်ကြကြောင်း သိရှိရသည်။

“ဒီနေ့ လှိုင်သာယာအရှေ့ပိုင်း ၁၁ ကွေ့ဘောလုံးကွင်းနားမှာ စစ်မှုထမ်းဖို့ ဝါဒဖြန့် စာရွက်တွေဝေနေတယ် ။ လှိုင်သာယာ ၈ ရပ်ကွက်မှာ ဒီနေ့မနက်ပဲ စစ်မှုထမ်းဖို့ နာမည်စာရင်းလာကောက်သွားတယ်။ လှိုင်သာယာ အရှေ့ပိုင်း ၆ ရပ်ကွက်မှာ အိမ်တိုင်းအဆောင်တိုင်း ရာအိမ်မှူးသာလေးထွန်းနဲ့ ကလေးနှစ်ယောက်က စစ်မှုထမ်းရမယ့်ဆိုတဲ့ လက်ကမ်းစာရွက်တွေ လိုက်ပေးတယ်။ ဒီဧပြီလကုန်မှာ လှိုင်သာယာက အပတ်စဉ် ၁ စစ်မှုထမ်းရမယ့် လူငယ် စာရင်းဆိုတာကိုလည်း ကောက်ယူကြတယ်” ဟု လှိုင်သာယာမြို့နယ်၊ အရှေ့ပိုင်းမှ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၂၀ ရပ်ကွက်တွင်လည်း ယနေ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းမည့် လူငယ်စာရင်း စတင်ကောက်ယူပြီး လူငယ်နာမည်၊ မှတ်ပုံတင်အမှတ်၊ အသက်၊ ဖုန်းနံပါတ် နှင့် လက်ရှိ အလုပ် အကိုင်များကိုပါ အသေးစိတ် မှတ် တမ်း တင်ရယူသွားကြောင်း သိရှိရသည်။

ထို့အတူ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၅၅ ရပ်ကွက်၊ အောင်ဇေယျလမ်းတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ဝင်းသိန်းနှင့်ရခိုင်ကြီးတို့ ၂ ဦးက စစ်မှု ထမ်းမည့် လူငယ်များစာရင်း ယနေ့ မွန်းလွဲပိုင်းတွင် လိုက်လံ ကောက်ယူနေကြောင်း သိရှိရသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှု မထမ်းမနေရ ဥပဒေကို အသက်သွင်းပြီး လာမည့် ဧပြီလကုန်မှစတင်၍ စစ်မှုထမ်းရမည့် လူငယ်များကို စစ်သင်တန်း အပတ်စဉ် ၁ ခေါ်ယူ၍ စစ်တပ်ထဲဆွဲသွင်းမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပုဇွန်တောင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ပြုလုပ်ခဲ့သည့် စစ်မှုထမ်းဥပဒေ အသိပညာပေးပွဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article