25 C
Yangon

ုံရွာမြိုနယ်၊ တောပုကျေးရွာမှ ပျူစောထီးအဖွဲကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၈

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်၊ တောပုကျေးရွာမှ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲကို တိုက်ခိုက်ရာတွင် ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း Hero Fighter Salingyi (အထူးတပ်ရင်း)မှ ဗိုလ်သူရိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မုံရွာမြိုနယ်၊ တောပုကျေးရွာမှ ထွက်လာသော ပျူစောထီး ၅ ဦးကို Hero Fighter Salingyi (အထူးတပ်ရင်း) တပ်ခွဲ-၂ ရဲဘော်များက အနီးကပ်ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း ပျူစောထီး ၃ ဦးသေဆုံးပြီး အလောင်းများကို ကျေးရွာမှ ပျူစောထီးအဖွဲက လာရောက်ထမ်းယူသွားကြောင်း သိရှိရသည်။

လက်ရှိတွင် Hero Fighter Salingyi (အထူးတပ်ရင်း)အနေဖြင့် ခဲယမ်းကျည်ဆန်များ လိုအပ်နေပြီး ပြည်သူများအနေဖြင့် အဖွဲ၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော https://www.facebook.com/share/p/4Sj8BDm95gcwyRCW/?mibextid=Nif5oz မှတစ်ဆင့် ကူညီပေးကြရန် ဗိုလ်သူရိန်က မေတ္တာရပ်ခံထားသည်။

“ကျနော်တိုအနေနဲ့ ကျည်အင်အား ဖြည့်တင်းရန် အကူအညီတွေလည်းလိုအပ်နေပါတယ်” ဟု ဗိုလ်သူရိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article