27 C
Yangon

အရာတော်မြိုနယ်တွင် စစ်တပ်ကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၈

စစ်ကိုင်းတိုင်း၊ အရာတော်မြိုနယ်တွင် အကြမ်းဖက်စစ်တပ် ကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယမန်နေ့ မတ်လ ၇ ရက် နံနက် ၇ နာရီ ၄ မိနစ်အချိန် အရာတော်မြိုနယ် အမတ ၃၆၉ တပ်မှ စခတ အမှတ် ၁၀ တပ်သို သွားရောက်သည့် ခြေလျင်စစ်ကြောင်းကို ကာကွယ်ပေးရန် ကန်ပေါ်ရွာ၏ အ နောက်ဘက် ဖိုးသာ‌ကျော်ကန်အနီး၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၈ ဦးကို ပဒေသာ မိုင်း ၂ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်း အထန် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ သေဆုံးဒဏ်ရာရ စစ်သားများကို အရာတော်မြိုနယ် စခတ အမှတ် ၁၀ တပ်ထဲသို သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ မုံရွာခရိုင် ပကဖ နှင့် လင်းယုန်တပ်ဖွဲတိုမှ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာကို ရှင်းလင်းရေး လုပ်ဆောင်စဉ် စစ် လွယ်အိတ်၊ ကျည်ဆံများနှင့် ရိက္ခာအချို တွေ့ရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article