25 C
Yangon

အရာတော်မြို့ရှိ ဝါသဝ၏ ပျူစောထီးများ သင်တန်းပေးနေသည့် ၅၀၀၄ တင့်ကားတပ်ရင်းနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၈

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ရှိ ဝါသဝ၏ ပျူစောထီးများ သင်တန်းပေးနေသည့် ၅၀၀၄ တင့်ကားတပ်ရင်းနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Ayadaw Drone Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အရာတော်မြို့ရှိ တင့်ကား တပ်ရင်း ၅၀၀၄ တပ်ရင်းစခန်းအတွင်း၌ ဝါသဝ၏ ပျူစောထီးများ သင်တန်းပေးနေစဉ် BGS Ayadaw Drone Force က လက်လုပ် ၆၀ မမ ဗုံးသီး ၃ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့ မြောက်ဘက် အထွက်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂ စစ်ဆေးရေးဂိတ်ကိုလည်း BGS Ayadaw Drone Force မှ လက်လုပ် ၁၂၀ မမ ဗုံးသီး ၁ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိရာနေရာများကို ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့သော စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ စစ်ကောင်စီ တပ်သားများက ပွိုင့် ၅ လက်နက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ တိုက်ခိုက်ခံရပြီးတော့ စစ်ဆေးမှုတွေ အရမ်းကြမ်းနေလို့ ခွေးသေစာရင်းတော့ အတိအကျ မသိရသေးဘူး။ စစ်ခွေးတွေ ရှိနေတဲ့ နေရာပေါ်ကိုတော့ တည့်တည့်ကျပါတယ်” ဟု BGS Ayadaw Drone Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force နှင့် Ayadaw Rocket ဦးဆောင်ပြီး အရာတော်မြို့နယ်၊ တိုက်နယ် အမှတ်‌ ၄ ရဲဘော်များ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၁၉ တို့ကပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article