25 C
Yangon

ပုဏ္ဏားကွန်းမြို့ကို သိမ်းပိုက်ရရှိသော ဓာတ်ပုံမှတ်တမ်းများကို ရခိုင့်တပ်တော် -AA ထုတ်ပြန်

Must read

ပုဏ္ဏားကွန်းမြို့ကို သိမ်းပိုက်ရရှိသော ဓာတ်ပုံမှတ်တမ်းများကို ရခိုင့်တပ်တော် -AA ထုတ်ပြန်

ရန်ကုန်၊ မတ် ၈

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၀ အပါအဝင် တပ်စခန်းများ အားလုံးကို သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ဌာနဆိုင်ရာ ရုံးများရှေ့တွင် တွေ့ရသော ရက္ခိုင့်တပ်တော် စစ်သည်တော်များ၏ မှတ်တမ်း ဓာတ်ပုံများကို ရခိုင့် တပ်တော် – AA က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစတင်၍ ပုဏ္ဏားကျွန်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၄ ရက်နေ့က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးနောက် ပုဏ္ဏာကျွန်းမြို့နယ်တစ်ခုလုံးကို ရခိုင့်တပ်တော်က အလုံးစုံထိန်းချုပ်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ်စဉ် -၄၂ ၊ ခလရ -၂၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ – ၅၅၀ မှ ဗိုလ်မှူး စောထွေး တို့အပါအဝင် စစ်ကောင်စီတပ်သား အမြောက်အများသေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article