25 C
Yangon

ရန်ကုန်မှ မန္တလေး သို့ ထွက်ခွာ လာသော ရထား ၁ စီး တိမ်းမှောက်၊ စစ်ကောင်စီက သတင်းမထုတ်ပြန်ဘဲ ဖုံးကွယ်ထား

Must read

ရန်ကုန်မှ မန္တလေး သို့ ထွက်ခွာ လာသော ရထား ၁ စီး တိမ်းမှောက်၊ စစ်ကောင်စီက သတင်းမထုတ်ပြန်ဘဲ ဖုံးကွယ်ထား

ရန်ကုန်၊ မတ် ၉

ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာသော ရထား ၁ စီး တိမ်းမှောက်ကာ အကြမ်းဖက် စစ်ကောင်စီက သတင်းမထုတ်ပြန်ဘဲ ဖုံးကွယ်ထားကြောင်း မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ ထွက်လာခွာသော အမှတ် ၁ အဆန် လူစီး၊ စာပို့၊ ကုန်တင်ရထားသည် ဖြတ်ခွဲ ဘူတာနှင့် ဆင်ဖြူကျွန်း ဘူတာ အကြား မိုင်တိုင် အမှတ် ၂၄၁ နှင့် ၂၄၂ အကြား အရောက်တွင် မတော်တဆဖြစ်ကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

“မိုင်တိုင်အမှတ် ၂၄၁ နဲ့ ၂၄၂ အကြား ဘူတာအနေနဲ့ ပြောရရင် ဖြုတ်ခွဲဘူတာနဲ့ ဆင်ဖြူကျွန်း ဘူတာ အကြားမှာ ရန်ကုန်ကနေ မန္တလေးကို ထွက်ခွာတဲ့ အမှတ် ၁ အဆန် လူစီးစာပို့ ကုန်တင်ရထား မတော်တဆမှောက်ခဲ့တယ်။ ရထားမှောက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ့မီးရထားက သတင်းဖုံး ထားပါတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး” ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ မီးရထား အမည်မှာ ဇေယျာမြင့် ဖြစ်ပြီး ရထားတိမ်းမှောက်မှုကြောင့် GBHV 3 တွဲနှင့် ဘရိတ်တွဲ (BV1) တွဲတို့ တုံးလုံးလဲကျသွားကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article