25 C
Yangon

ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး ဒရုန်းများဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီး၊ ကျေးရွာ ၂၅ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မတ် ၁၁

ပဲခူးတိုင်း ၊ ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး ဒရုန်းများဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီး၊ ကျေးရွာ ၂၅ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှ စ၍ နတ်သံကွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒရုန်းများ၊ လက်နက်ကြီးများများဖြင့် အုန်းပင်စုကျေးရွာ အတွင်းကို အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့သောကြောင့် သပြေကုန်း၊ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ အုန်းပင်စု၊ ဥသျှစ်ကုန်း၊ ဝက်တူ၊ အညာစု၊ ငနွားဆိပ်၊ ရင်းတိုက်ကုန်း၊ နောင်ကုန်း၊ ရေလဲကရင်၊ ရေလဲ ဗမာ၊ ထွနီကုန်း၊ ရန်မျိုးအောင်၊ တမာခေါ၊ တောင်စု (ရှေ့)၊ တောင်စု (နောက်)၊ တမောမ၊ ရွာကြီးအင်း၊ ကျွန်းကုန်း (နိုကလော်)၊ မရမ်းစိန်ကြီး၊ မရမ်းစိန်လေး စသည့် ကျေးရွာ ပေါင်း ၂၂ ရွာမှ ပြည်သူလူထုများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ယင်းနေ့ ည ၇ နာရီ ၂၁ မိနစ်မှ ၉ နာရီ ၁၇ မိနစ်အထိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကွင်းချောင်းဝမှ နေပြီး လက်နက်ကြီး ၁၃ လုံးထပ်မနည်း ပစ်ခတ်ခဲ့ရာ ရေလဲ (အနောက်)ရွာ၊ ဝက်တူး(အနောက်)ရွာ၊သင်္ကန်းပင်ရွာ တိုကို ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ကျေးရွာများတွင် နေထိုင်သော ပြည်သူများသည် အသက်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၁ဝ နာရီ ၃၈ မိနစ်ခန့်တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည့် ဒရုန်းများဖြင့် ရင်းတိုက်ကုန်းကျေးရွာ အတွင်းကို မီးလောင်ဗုံး ၄ လုံး ပစ်ချခဲ့သောကြောင့် ရင်းတိုက်ကုန်းကျေးရွာသား တီးမောင်မီး ၅၄ နှစ် မှာ ဗုံးစ ထိမှန် ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၃ လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီ ၁၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထပ်မံပြီး ဒရုန်း ၁ စီးဖြင့် ရင်းတိုက်ကုန်းကို ဗုံးသီး ၁ လုံးထပ်မံ ကျဲချရာ နေအိမ် ၁ လုံး ဗုံးစ ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article