37 C
Yangon

အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၄၁ သိန်းကျော်အထိ စံချိန်တင်ထိုးတက်

Must read

အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၄၁ သိန်းကျော်အထိ စံချိန်တင်ထိုးတက်

ရန်ကုန်၊ မတ် ၁၂

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၁ သိန်းကျော်သို့ စံချိန်တင် စျေးထိုးတက်သွားကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

“ဒီနေ့ စျေးပိတ်တာ မီးလင်းရွှေ (အခေါက်ရွှေ) တစ်ကျပ်သားကို ၄,၁၀၅,၀၀၀ ( ၄၁ သိန်း ၅ ထောင်ကျပ်) နဲ့ စျေးပိတ်ပါတယ်။ မနက် စျေးဖွင့်တုန်းက ရွှေစျေးက သိန်း ၄၀ နဲ့ ၈ သောင်းက နေ စျေးဖွင့်တာ။ စျေးပိတ်ချိန်မှာ ထိုးတက်သွားတာ။ ဒေါ်လာစျေးတက်လာတာရယ်ကြောင့် ။ အခု ဒေါ်လာက တစ်ဒေါ်လာကို ၃၆၆၀ ကျပ်ကျော်လာတယ်။ ကမ္ဘာ့ရွှေစျေးကလည်း အမြင့်ပိုင်းမှာပဲရှိတယ်။ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၁၈၀ ပတ်ချာလည်မှာ ရှိနေတယ်” ဟု ရန်ကုန်တိုင်း ရွှေကုန်သည်က ရှင်းပြသည်။

ရွှေစျေးကွက်တွင် စံချိန်တင်စျေးများထိုးတက်နေသော်လည်း ရွှေအဝယ်များ များပြားကြောင်း၊ ရွှေရောင်းသူထက် ဝယ်သူများပြားနေခြင်းကလည်း စျေးကွက်သဘောတရားအရ စျေးအမြင့်ပိုင်းသို့ ဦးတည်စေလိမ့်မည်ဟု ရန်ကုန်တိုင်းရွှေကုန်သည်က သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article