25 C
Yangon

ရွှေစျေး အလှုပ်အရမ်းများနေပြီး အခေါက်ရွှေတစ်ကျပ်သား ၄၁ သိန်း ၂ သောင်း ခွဲအထိ အမြင့်ဆုံးတက်သွားခဲ့၊ မြန်မာငွေကျပ်တစ်သိန်းလျှင် ထိုင်းဘတ် ၉၈၀ ကျော်သာ ရတော့

Must read

ရန်ကုန်၊ မတ် ၁၃

ပြည်တွင်းရွှေစျေးကွက်တွင် ယနေ့ စျေးနှုန်းအလှုပ်အရမ်းများနေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၁ သိန်း ၂ သောင်းခွဲ (၄,၁၂၅,၀၀၀) အထိ စံချိန်တင် ထပ်မံမြင့်တက်ခဲ့ကာ ညနေပိုင်းတွင်စျေးအနည်းပြန်အေးသွားကြောင်း ရန်ကုန်တိုင်းရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

“ဒီနေ့ ရွှေစျေးကွက် အလှုပ်အရမ်းများတယ်။ စျေးစဖွင့်တော့ ၄၁ သိန်း ၁ သောင်းနဲ့ စျေးစဖွင့်တယ်။ မွန်းလွဲ ၂ နာရီလောက်မှာ ၄၂ သိန်း ၂ သောင်းခွဲလောက်အထိ စျေးတက်တယ်။ အခု ၄၁ သိန်းကို ပြန်ဆင်းတယ်။ ဒေါ်လာစျေးလည်း မာတယ်။ ရွှေစျေးလည်းမာတယ်။ ရွှေအဝယ်ကလည်း ရှိနေတယ်။ အဲဒါတွေကြောင့်ပါ။ ရွှေစျေးတက်တာက အကြောင်း အရာ တစ်ခုတည်းကိုတော့ တည်ပြီးပြောလိုမရဘူး။ ဟင်းတစ်ခွက်ချက်သလိုပဲ။ အကုန်ပြောရမယ်။ နိုင်ငံရေး မကောင်းတာကလည်း အဓိကပဲ။ လူတွေ ရွှေပိုဝယ်ကြတာ” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။

လက်ရှိငွေလဲစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၆၆၅ ကျပ်ဝန်းကျင်အထိ စျေးအနည်းငယ်တက်ပြီး ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားတွင်လည်း မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျနေကြောင်း သိရှိရသည်။

“အခု မြန်မာငွေကျပ် ၁ သိန်းကို ထိုင်းဘတ်က ၉၈၇ ကျပ်လောက်ပဲရှိတော့တယ်။ မြန်မာကျပ်ငွေ အတော်ကို ကျနေတာ။ ဘန်ကောက်၊ ချင်းမိုင်နဲ့ ထိုင်းမှာ အိမ်ဝယ်တာ၊ ကွန်ဒို တိုက်ခန်း ဝယ်တာတွေ အရမ်းများတော့ ထိုင်းဘတ်ရဲ့ Demand ကလည်း အရမ်းကို ကြီးတယ်။ Supply က လိုသလောက် လိုတဲ့အချိန် မရတော့ ထိုင်းဘတ်ငွေက တန်ဖိုးမာတယ်။ စျေးမာတယ်”ဟု ထိုင်း-မြန်မာငွေလဲအေးဂျင့်တစ်ဦးက ဆိုသည်။

ဓာတ်ပုံ – တစ်နေ့ တစ်ခြား တန်ဖိုး ထိုးကျနေသည့် မြန်မာကျပ်ငွေများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တစ်နေ့ တစ်ခြား တန်ဖိုး ထိုးကျနေသည့် မြန်မာကျပ်ငွေများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article