27 C
Yangon

မြန်မာအကြမ်းဖက် စစ်ကောင်စီကို ဒဏ်ခတ်အရေးယူပိတ်ဆို့မှု အရှိန်မြှင့်တင်ရေး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကို ဆန္ဒပြတောင်းဆို

Must read

မြန်မာအကြမ်းဖက် စစ်ကောင်စီကို ဒဏ်ခတ်အရေးယူပိတ်ဆို့မှု အရှိန်မြှင့်တင်ရေး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကို ဆန္ဒပြတောင်းဆို

ရန်ကုန်၊ မတ် ၁၄

မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများ အရှိန်မြှင့်လုပ်ဆောင်ရေး ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Lord David Cameron ကို ဗြိတိန်ရောက် မြန်မာများနှင့် မြန်မာ့အရေးလှုပ်ရှားသူများက ဗြိတိန်နိုင်ငံခြားရေးရုံးတွင် ဆန္ဒပြတောင်းဆိုကြသည်။

ယမန်နေ့ လန်ဒန်ရှိ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေးဗစ်ကင်မရွန်း မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် ဆန္ဒပြသူများက နိုင်ငံခြားရေးရုံး အပြင်ဘက်တွင် မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ အရှိန်မြှင့်တင်ရန် တောင်းဆိုကြသည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှစ၍ ဗြိတိသျှအစိုးရက စစ်တပ်ပိုင်ကုမ္ပဏီများ၊ ကျောက်မျက်ကဏ္ဍနှင့် စစ်တပ်ထံသို့ လေယာဉ်ဆီနှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် မြန်မာကုမ္ပဏီများအပါအဝင် မြန်မာစစ်တပ်သို့ ၀င်ငွေ၊ လက်နက်နှင့် ပစ္စည်းများကို ပိတ်ဆို့အရေးယူရေး မူဝါဒကို ချမှတ်ခဲ့သည်။ .

သို့သော်လည်း မြန်မာစစ်တပ်အပေါ် ဗြိတိန်၏ ပိတ်ဆို့အရေးယူရန် အကောင်အထည်ဖော်မှုနှေးကွေးနေပြီး ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း MOGE ၊ MFTB ကဲ့သို့ စစ်တပ်အတွက် ဝင်ငွေနှင့် လက်နက်ဝယ်ယူမှု လွယ်ကူချောမွေ့စေမည့် အဓိကလုပ်ငန်းကဏ္ဍများကို ပိတ်ဆို့အရေးယူမှုများ ဗြိတိန်က မလုပ်ဆောင်သေးပေ။

အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုအတွက် အသုံးပြုနိုင်သည့် လေယာဉ်ဆီများကို မြန်မာနိုင်ငံသို့တင်ပို့မှုကိုလည်း ပိတ်ဆို့အရေးယူခြင်းမပြုသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article