29 C
Yangon

AA သိမ်းပိုက်ထားသော မြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်းများ စစ်တွေသို့ လာ ၍ သတင်းပို့ရန်၊ AA လက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်နေထိုင်ခြင်း မပြုလုပ်ရန် စစ်ကောင်စီက သတိပေးစာထုတ်

Must read

AA သိမ်းပိုက်ထားသော မြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်းများ စစ်တွေသို့ လာ ၍ သတင်းပို့ရန်၊ AA လက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်နေထိုင်ခြင်း မပြုလုပ်ရန် စစ်ကောင်စီက သတိပေးစာထုတ်

ရန်ကုန်၊ မတ် ၁၄

ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသော မြို့နယ်များရှိ ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော စစ်ကောင်စီဝန်ထမ်းများအနေဖြင့် စစ်တွေသို့ လာရောက်၍ သတင်းပေးပို့ တာဝန်ထမ်းဆောင် ကြရန် စစ်ကောင်စီက ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

လက်ရှိတွင် AA က ပလက်ဝမြို့နယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့ နယ်နှင့် ရမ်းဗြဲမြို့ စုစုပေါင်း မြို့နယ် ၈ ခုကို သိမ်းပိုက်ထားသည်။

“ရခိုင်ပြည်နယ်အတွင်းမှာမှ AA သိမ်းပိုက်ခံထားရတဲ့ မြို့နယ်တွေက ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ စစ်တွေကို မဖြစ်မနေ လာရောက်ပြီး သတင်းပို့ ရုံးတက်ဖို့ အမိန့်ထုတ်တယ်။ စစ်တွေကို မလာတဲ့သူကို ခွင့်မဲ့ပျက်ကွက်စာရင်းသွင်းမယ်လို့ခြိမ်းခြောက်ထားပါတယ်။ ဘာလို့လဲဆိုတော့ AA က သူတို့စိုးမိုးထားတဲ့မြို့တွေမှာရှိတဲ့ ရုံးတွေကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ လုပ်ငန်း လည်ပတ်နေတာတွေ သတင်းရလို့လို့ ပြောတယ်” ဟု စစ်တွေမြို့မှ ဌာနဆိုင်ရာသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် AA သိမ်းပိုက်ထားသော မြို့နယ်များမှ ဌာနဆိုင်ရာ ဝန်ထမ်းများကို AA က ၎င်း၏ အုပ် ချုပ်ရေးယန္တရားအတွက် အသုံးချမည်ကို အလွန် စိုးရိမ်နေသည့်အတွက် ထိုသို့ အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက အခြားမြို့နယ်များမှ ဝန်ထမ်းများ ကို စစ်တွေသို့ လာရောက် သတင်းပေးပို့ခိုင်းသော်လည်း လက်တွေ့တွင် စစ်တွေမှ ဝန်ထမ်းများကိုယ်တိုင်ပင်လျှင် ထွက်ပြေးရန် ကြံစည် ပြင်ဆင်နေကြကြောင်း သိရှိရသည်။

“စစ်တွေမှာရှိတဲ့ ဝန်ထမ်းတွေ အကုန်လုံးက သက်ဆိုင်ရာ မိသားစုတွေကို ရွှေ့နေကြပြီ။ ဝန်ထမ်းတွေကတော့ ပြေးမရလို့ ငြိမ်နေကြတာ။ သေနတ်သံပေါက်ပြီဆိုတာနဲ့ ပြေးမယ့်လူတွေချည်းပဲ။ အခြားမြို့နယ်က ဝန်ထမ်းတွေ စစ်တွေလာသတင်းပို့လည်း မကြာခင် စစ်ပွဲတွေဖြစ်လာမှာဆိုတော့ သိပ်တော့မထူးဘူး” ဟု ရခိုင်ပြည်နယ်၊ ထွေ/အုပ်ဝန်ထမ်းတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများကိုပါ လက်နက်များ ထုတ်ပေး၍ ခုခံစစ်အတွက် ပြင်ဆင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တွေတွင် စစ်ကောင်စီက သံချပ်ကာကားများဖြင့် ကင်းလှည့်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article