35 C
Yangon

စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ်ပြီး နိုင်ငံတကာက အရေးယူမှုလုပ်ရန် NUCC နှင့် NLD ပါတီ ပူးတွဲဆောင်ရွက်မည်ဟုဆို

Must read

စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ်ပြီး နိုင်ငံတကာက အရေးယူမှုလုပ်ရန် NUCC နှင့် NLD ပါတီ ပူးတွဲဆောင်ရွက်မည်ဟုဆို

ရန်ကုန်၊ မတ် ၁၄

စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ် ကာ ရရှိလက်မှတ်များကို UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ကာ အရေးယူနိုင်ရေး ဆက် လက်ဆောင်ရွက်မည်ဟု NUCC နှင့် NLD ပါတီတို့က ယနေ့မတ်လ ၁၄ ရက်နေ့တွင် ပူးတွဲထုတ်ပြန် ထားသည်။

အကြမ်းဖက်စစ်အုပ်စုသည် ရွေးကောက်ခံအရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာကို လက်နက် အားကိုးဖြင့် ဥပဒေမဲ့အကြမ်းဖက်သိမ်းယူလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နိုင်ငံအနှံ့ ဖြစ်ပွား လျက်ရှိသည့် ခုခံစစ်ပွဲများတွင် အဓမ္မလုပ်အားခိုင်းစေရန်နှင့် လူသားဒိုင်း အသုံးချရန်အတွက် လူငယ် လူရွယ် များကို ပစ်မှတ်ထားကာ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းမည့် စစ်မှုထမ်း ကြေညာချက်ကို ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် စစ်အုပ်စုက ထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ယခုအခြေအနေသည်အခြားနိုင်ငံများကဲ့သို့ ပြည်ပအန္တရာယ်ကာကွယ်ရန် နိုင်ငံသား များမှ မဖြစ်မနေ စစ်မှုထမ်းမှု လုပ်ဆောင်ရမည့် အခြေအနေမဟုတ်သည့်အပြင် အဆိုပါလုပ်ရပ်သည် နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ထုဆစ် ကြမည့် လူငယ်ထု၏ အသက်၊ သွေး၊ ချွေး များကို စတေး၍ စစ် အာဏာရှင်၏ အကျိုးစီးပွားကို ဆက်လက် တည်တံ့စေမည့် လုပ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင် လူငယ် မျိုးဆက်အား အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေသော စစ်ရာဇဝတ်မှုများအတွင်းသို့ အဓမ္မ သွတ် သွင်းသည့်လုပ်ရပ် ဖြစ်သည့်အတွက် အကြမ်းဖက်စစ်အုပ်စု၏ “အဓမ္မစစ်သားစုဆောင်းမှု လုပ်ငန်း” နှင့် ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ်မည့် အစီအမံမှန်သမျှကို ကမ္ဘာတဝှမ်းနှင့် နိုင်ငံအနှံ့ရှိ ပြည်သူလူထုတရပ်လုံးက ဆန့်ကျင့်ကန့်ကွက် ကြရမည်ဖြစ်ကြောင်း NUCC နှင့် NLD ပါတီတို့က ပြောသည်။

ထို့ကြောင့်ပြည်တွင်းပြည်ပရှိ လူငယ်များအပါအဝင် မြန်မာနိုင်ငံသားများ၏ ဆန့်ကျင် ကန့်ကွက် ကြောင်း ဆန္ဒဖေါ်ထုတ်ပွဲများ၊ တောင်းဆိုလှုပ်ရှားမှုကိုထောက်ခံကြိုဆို၍ “အဓမ္မစစ်သား စုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှု” အဖြစ် စုပေါင်းလက်မှတ် ရေးထိုးမှုကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင်စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒဖြစ်သော ရရှိလာသည့် လက်မှတ်များကို နိုင်ငံတကာ အစိုး ရ များ၊ အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အ ပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း အသီး သီး ထံသို့ ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့အစည်းများကလည်း အကြမ်းဖက်စစ်အုပ်စု ကျဆုံး သည် အထိ ဖိအားပေး အရေးယူနိုင်ရေး ကိုစဥ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထား သည်။

ထို့ကြောင့် https://www.change.org/antiforcedconscription တွင် ပါဝင်စုပေါင်းလက်မှတ် ရေး ထိုးပေးကြပါရန် NUCC နှင့် NLD ပါတီတို့က မေတ္တာရပ်ခံတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article