25 C
Yangon

တောင်သာမြို့နယ်၊ အရှေ့ချောင်းဆုံရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံး

Must read

တောင်သာမြို့နယ်၊ အရှေ့ချောင်းဆုံရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၄

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အရှေ့ချောင်းဆုံရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် တောင်သာမြို့နယ် အရှေ့ချောင်းဆုံရွာကို စစ်ကြောင်းထိုးလာသော အင်အား ၁၂၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်မှ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင့် စစ်ကောင်စီ တပ်သား ၁၄ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မတ်လ ၁၁ ရက်နေ့က တောင်သာမြို့နယ် အရှေ့ချောင်းဆုံရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၂၀ ပါ စစ်ခွေး စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကျဲပြီး မြေပြင်ကနေ ဗျူဟာ ဖော်ဆောင် တိုက်ခိုက်ခြင်းတွေကြောင့် စစ်ခွေး ၁၄ ကောင် သေပြီး ၃ ကောင် ထိခိုက် ဒဏ်ရာ ရရှိတယ်လို့ မြေပြင် သတင်းအရ သိရှိရပါတယ်” ဟု မြင်းခြံခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီး မြို့နယ် ပကဖ ၊ မလှိုင် ပကဖ ၊ ခရိုင် ဒရုန်း အဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ ၂ ၊ ၃ ၊ ၄ နှင့် ၈ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article