29 C
Yangon

ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့နယ်ကို စစ်တပ်က လေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေ

Must read

ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့နယ်ကို စစ်တပ်က လေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေ

ရန်ကုန်၊ မတ် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ သံချပ်ကာယာဉ်များ၊ တင့်ကားများနှင့် လက်နက်ကြီးများ အသုံးပြုပြီးအပြင်း အထန်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

မတ်လ ၁၃ ရက် နံနက် ၁၁ နာရီခန့်က ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ ကျောက္ကဆျားကျေးရွာအ နီးသို့ အကြမ်းဖက်စစ်ကောင်စီတပ်က MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူများမှာ ကြောက်လန့်ပြီး တောတောင်များအတွင်းသို့ ထွက်ပြေးပုန်းရှောင်နေခဲ့ရ ကြောင်း သိရသည်။

ထို့ပြင် မဲနယ်တောင်ဒေသကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြိမ် ၆၀ ကျော် ဆက် လက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့က ဆီဆိုင်မြို့တွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က သံချပ်ကာယာဉ်များ၊ တင့်ကားများအသုံးပြုပြီး စစ်ကြောင်းထိုးလာသဖြင့် မြို့မြောက်ဘက်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်ခဲ့ကြောင်း၊ ထို့အပြင် ဆီဆိုင်မြို့ အရှေ့မြောက်ဘက်တွင်ရှိ မွေတော်ဘုရားကုန်း၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကလည်း လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ် ကာ မြို့ကို ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့ အရှေ့မြောက်ဘက်၊ မွေတော်ဘုရားကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ သည် အနီးအနားရှိ ပြည်သူလူထု၏ နေအိမ်များကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် ဘာသာရေးအဆောက်အဦးများ၊ ဆေးရုံများတွင် တပ်စွဲပြီး မြို့တွင်း သို့ လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်ဖျက်ဆီးလျက်ရှိကြောင်း PNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် ဆီဆိုင်မြို့ အနောက်ဘက်တနေရာတွင်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မ တော် (PNLA) နှင့် စစ်ကောင်စီ စစ်ကြောင်းတို့ ထိပ်တိုက်တိုးပြီး ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ်မှ အရာရှိ ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိ သော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ပြည်သူလူထု၏ ကားများကိုချောဆွဲသယ်ဆောင်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article