32 C
Yangon

ပေါင်းတည်နှင့် လက်ပံတန်းတိုတွင် စစ်ဗိုလ်၊ ရဲ၊ ပျူစောထီးများနှင့် မိသားစုဝင် ၆ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မတ်လ ၁၅

ပဲခူးတိုင်း၊ ပေါင်းတည်မြိုနယ်၊ သစ်ပုတ်ကျေးရွာနေ ပျူစောထီး သန်းဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း အမှတ် ၃၆၀၁ – PPDF တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန် ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

မတ်လ ၁၂ ရက်နေ့ ည ၇ နာရီခန့်အချိန် ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာနေ အ ကြမ်းဖက် စစ်ကောင်စီ ထောက်တိုင် ပျူစောထီးအဖွဲဝင် ဦးသန်းဦးကို နေအိမ်အတွင်း ဝင်ရောက်ပြီး သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိပြီး နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ – PPDF တပ်ရင်း တပ်ခွဲ ၁ ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး သစ်ပုတ်တာဝါတိုင်ကုန်းရှိ အကြမ်းဖက်စစ် သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူ ပျူစောထီး သန်းဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်ရဲဘော်များ၏ သတင်း အ ချက် အလက်များကို စုံစမ်းကာ စစ်ကောင်စီထံ သတင်းပေးပိုခြင်း၊ ရွာအဝင်ဂိတ်တွင် စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်းပြီး ဆိုင်ကယ်များ ကိုစစ်ဆေးခြင်း၊ ဖုန်းများကို စစ်ဆေးခြင်း၊ စျေးကုန်များ ကိုစစ်ဆေးခြင်း၊ ငွေများတောင်းခံ၍ အကြမ်းဖက်စစ်တပ်ထံ ထောက်ပံ့နေခြင်းတို လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြိုနယ်၊ ရေငံအုပ်စု၊ ရေငံရွာနှင့် သရက်တော ကျေးရွာနေ ပျူစောထီး ၅ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ရွှေတန်းမြေ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

မတ်လ ၁၄ ရက် ည ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က လက်ပံတန်းမြိုနယ်၊ ရေငံအုပ်စု၊ သရက်တော ကျေးရွာနေ ရဲတပ်သား၏ ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် ပျူစောထီး အောင်ထွန်းဝင်း၊ အကြမ်း ဖက်စစ်တပ် စစ်ဗိုလ်တစ်ဦး၏ ဖခင်ဖြစ်သူ အသက် ၆၁ နှစ်အရွယ် ပျူစောထီး စိန်ဦးနှင့် ၅၆ နှစ် အရွယ် မိခင်ဖြစ်သူ ပျူစောထီးလှလှရီ ၊ ရေငံရွာနေ အသက် ၄၉ နှစ်အရွယ် ပျူစောထီး သွယ်သွယ် ထွန်း နှင့် အသက် ၅၇ နှစ်အရွယ် ပျူစောထီး ဝင်းမင်းသန်းတိုကို သာယာဝတီခရိုင် ၊လက်ပံတန်းမြို နယ်၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရ သည်။

သေဆုံးသွားသူ ပျူစောထီးများသည် သားသမီးများ၏ အရှိန်အဝါဖြင့် ပြည်သူများအပေါ် အပြစ်ရှာ ကာ စစ်တပ်ကို သတင်းပေး ဖမ်းဆီးခိုင်းခဲ့ကြောင်း၊ မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်က လည်း တော်လှန်ရေးရဲဘော်များ တည်ရှိရာနေရာကို အကြမ်းဖက်စစ်တပ်အား လမ်းပြခေါ်ဆောင် လာသဖြင့် ရဲဘော်များ အမြန်ရှောင်တိမ်းခဲ့ရကြောင်း သိရသည်။

သေဆုံးသူ ရေငံရွာနေ ပျူစောထီး သွယ်သွယ်ထွန်းသည် ကျောင်းဆရာမတစ်ဦးဖြစ်ပြီး အမဖြစ်သူ ဝင်းမင်းသန်းနှင့် ပူးပေါင်းကာ CDM ပြုလုပ်သူများနှင့် ပြည်သူများကို တော်လှန်ရေးတပ်ဖွဲဝင်များနှင့် ပတ်သက်သည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်ထံ သတင်းပေးတိုင်တန်းခြင်းလုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို၏ တိုင်တန်းမှုကြောင့် လွန်ခဲ့သည့်တစ်ပတ်ခန့်က ကျောင်းဆရာတစ်ဦးနှင့် ပြည်သူ ၂ ဦးကို အ ကြမ်းဖက်စစ်တပ်က ဖမ်းဆီးနှိပ်စက်လျက်ရှိပြီး လွတ်မြောက်လာခြင်းမရှိကြောင်း သိရသည်။

ထိုသို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲထံ သတင်းပေးပိုခြင်း မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးတား မြစ်ထားသော်လည်း လိုက်နာခြင်းမရှိဘဲ ဆက် လက်ကျူးလွန်နေသဖြင့် သုတ်သင်ရှင်းလင်းလိုက်ရ ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်တပ် ထောက်တိုင်မှန်သမျှ ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ရွှေတန်းမြေကာကွယ်ရေးတပ်ဖွဲက အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article